မလေးရှားနိုင်ငံက KFC ကြက်ကြော်လုပ်ငန်းဟာ စိန်ခေါ်မှုများတဲ့ စီးပွားရေး အခြေအနေတွေကြောင့် နိုင်ငံထဲကဆိုင်တွေကို ခဏပိတ်လိုက်တယ်လို့ ပြည်တွင်းမီဒီယာတွေက ဖော်ပြပါတယ်။
မွတ်စလင်အများစုနိုင်ငံဖြစ်တဲ့ မလေးရှားဟာ ပါလက်စတိုင်းကို အခိုင်အမာ ထောက်ခံတဲ့နိုင်ငံ ဖြစ်ပြီး ဂါဇာမှာ အစ္စရေးရဲ့ စစ်ရေးထိုးစစ်ကို သပိတ်မှောက်ဖို့ နိုင်ငံတွင်းရှိ အလျင်အမြန်စားသောက်နိုင်တဲ့ အစားအစာရောင်းချတဲ့ အနောက်တိုင်း အမှတ်တံဆိပ်တချို့ဟာ ပစ်မှတ်ထား တိုက်ခိုက်ခံနေရပါတယ်။
မလေးရှားနိုင်ငံထဲက KFC နဲ့ Pizza Hut စားသောက်ဆိုင် လုပ်ပိုင်ခွင့်တွေကို စီမံလုပ်ကိုင်တဲ့ QSR Brands (M) Holdings Bhd က စိန်ခေါ်မှုရှိတဲ့ စီးပွားရေးအခြေအနေတွေကို တုံ့ပြန်တဲ့အနေနဲ့ KFC ဆိုင်တွေကို ယာယီပိတ်လိုက်တယ်လို့ ပြောပါတယ်။
QSR အမှတ်တံဆိပ်တွေနဲ့ KFC Malaysia တို့ဟာ လုပ်ငန်းကုန်ကျစရိတ် တိုးမြင့်လာမှုကို စီမံခန့်ခွဲဖို့နဲ့ မြင့်မားတဲ့ ထိတွေ့ဆက်ဆံမှုဇုန်တွေကို အာရုံစိုက်ဖို့ နည်းလမ်းအဖြစ် ဆိုင်ခွဲတွေကို ယာယီပိတ်ရေး အစီအမံတွေ လုပ်ခဲ့တယ်လို့ တနင်္လာနေ့နှောင်းပိုင်းမှာ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။
ဆိုင်အရေအတွက် ဘယ်လောက်ထိခိုက်ခဲ့တယ်ဆိုတာ မဖော်ပြထားပေမဲ့ ဆိုင်ပေါင်း ၁၀၀ ကျော်ကို ယာယီပိတ်ထားတယ်လို့ ဒေသတွင်းမီဒီယာတွေက ဖော်ပြပါတယ်။
ထိခိုက်ခဲ့တဲ့ဆိုင်တွေက ဝန်ထမ်းတွေကို ဖောက်သည်တွေနဲ့ ထိတွေ့ဆက်ဆံမှုပိုများတဲ့ ဒေသတွေက ဆိုင်ခွဲတွေဆီ ရွှေ့ဖို့ အခွင့်အရေးပေးထားတယ်လို့ QSR Brands ကုမ္ပဏီက ပြောပါတယ်။
Source/Photo-Reuters