နိုင်ဂျီးရီးယားရဲ့ အဓိကမြို့ကြီးတွေမှာ လောင်စာဆီပြတ်လပ်နေလို့ ဧပြီ ၃၀ ရက်မှာ မြို့သူမြို့သားတွေဟာ သူတို့ရဲ့ ဆီတိုင်ကီတွေကို ဆီဖြည့်ဖို့ နာရီပေါင်းများစွာကြာအောင် စောင့်ဆိုင်းနေခဲ့ရပါတယ်။
မြို့တော် အဘူဂျာက လောင်စာဆီဆိုင်တွေမှာ ယာဉ်တန်းရှည်ကြီး စောင့်နေရတာကို ဒရုန်းယာဉ်တွေက ရုပ်သံရိုက်ကူး ပြသခဲ့တာပါ။ လာဂို့စ်မြို့က အခြေအနေကလည်း အဘူဂျာနဲ့အတူတူ ဖြစ်နေပါတယ်။
ပြီးခဲ့တဲ့နှစ်က သမ္မတ ဘိုလာ တီနူဘူရဲ့ အစိုးရအဖွဲ့က အထောက်အပံ့တွေကို ရပ်ဆိုင်းခဲ့ပြီး ပုဂ္ဂလိကကုမ္ပဏီတွေကို စက်သုံးဆီတင်သွင်းဖို့ ခွင့်ပြုခဲ့ပါတယ်။
ဒါပေမဲ့ နိုင်ငံခြားငွေပြတ်လပ်မှုနဲ့ ဓာတ်ဆီဈေးနှုန်း သတ်မှတ်ချက်တွေကြောင့် နိုင်ငံပိုင် NNPC ဟာ နိုင်ငံရဲ့ တခုတည်းသော စက်သုံးဆီတင်သွင်းသူအဖြစ် ဆက်ရှိနေခဲ့ပါတယ်။
NNPC ကတော့ လောင်စာဆီပြတ်တောက်မှုဟာ ထောက်ပံ့ပို့ဆောင်ရေးဆိုင်ရာ ပြဿနာတွေကြောင့်ပါလို့ သုံးစွဲသူတွေကို ပြောပါတယ်။
သူ့မှာ ဓာတ်ဆီလီတာ ၁ ဒသမ ၅ ဘီလီယံကျော်ရှိပြီး အနည်းဆုံး ရက် ၃၀ ကြာခံဖို့ လုံလောက်တယ်လို့ အာမခံထားပါတယ်။
ဒါပေမဲ့ လောင်စာဆီရှားပါးမှု ဆက်ရှိနေတာနဲ့အမျှ နိုင်ဂျီးရီးယားနိုင်ငံသားတွေဟာ ၂၈ နှစ်တာ ကာလအတွင်း အမြင့်ဆုံး ငွေကြေးဖောင်းပွမှုနှုန်းနဲ့ ယှဉ်တွဲရင်း လောင်စာဆီအတွက် အချိန်ကြာစောင့်ဆိုင်းရင်း ရုန်းကန်နေကြရပါတယ်။
Source/Photo-Reuters