Home
အားကစား
လက်ရှိ ကမ္ဘာ့အကောင်းဆုံးကစားသမား ၂ ဦးကို တိုက်စစ်မှူး လီဝန်ဒေါစကီး ရွေးချယ်
DVB
·
May 1, 2024
Lewandowski_01052024

လက်ရှိ ကမ္ဘာ့အကောင်းဆုံးကစားသမား ၂ ဦးကို ဘာစီလိုနာတိုက်စစ်မှူး လီဝန်ဒေါစကီးက ရွေးချယ်သွားပါတယ်။

ဂျာမနီထိပ်တန်း အားကစားမဂ္ဂဇင်းတခုဖြစ်တဲ့ Sport Bild နဲ့ အင်တာဗျူးမှာ  ကမ္ဘာ့အကောင်းဆုံး ကစားသမားဆုအတွက် ရရှိနိုင်တဲ့ ကစားသမားတွေကို လီဝန်ဒေါစကီးက ပြောပြခဲ့တာပါ။

အခုနှစ်ရာသီမှာ ဥရောပချန်ပီယံရှစ်ပြိုင်ပွဲကြီး ရှိနေသလို ချန်ပီယံလိဂ်ပြိုင်ပွဲလည်း မပြီးဆုံးသေးပေမဲ့ ရီးရဲလ်မက်ဒရစ်ကစားသမား ဘယ်လင်ဂမ်နဲ့ ပီအက်စ်ဂျီတိုက်စစ်မှူး အမ်ဘာပေတို့က လက်ရှိ အကောင်းဆုံးကစားသမားတွေ ဖြစ်တယ်လို့ လီဝန်ဒေါစကီးက ပြောပါတယ်။

၂၀၂၀ ပြည့်နှစ်နဲ့ ၂၀၂၁ ခုနှစ် ဘလွန်းဒီအော ကမ္ဘာ့အကောင်းဆုံးဆုတွေကို သူ ရရှိသင့်တယ်လို့လည်း လီဝန်ဒေါစကီး က ပြောပါတယ်။

ဘိုင်ယန်နဲ့ အအောင်မြင်ဆုံးရာသီဖြစ်တဲ့ ၂၀၂၀ ပြည့်နှစ်မှာ ကိုဗစ်ရောဂါကြောင့် ဆုပေးပွဲ မကျင်းပဖြစ်ခဲ့ဘဲ ၂၀၂၁ ခုနှစ်မှာတော့ မက်ဆီက လီဝန်ဒေါစကီးကို ကျော်ဖြတ်ပြီး ရယူသွားခဲ့တာ ဖြစ်ပါတယ်။ 

Photo-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013