ဟော်လန်ကလပ် အိုင်းယက်စ်အသင်းဟာ အသင်းနည်းပြဟောင်းဖြစ်သူ လက်ရှိ မန်ယူနည်းပြ တန်ဟတ်ဂ်ကို ပြန်လည်ခေါ်ယူဖို့ ပစ်မှတ်ထားနေပါတယ်။
အဲရစ်တန်ဟတ်ဂ်ဟာ မန်ယူအသင်းကို ချန်ပီယံလိဂ်ဝင်ခွင့် ရရှိအောင် စွမ်းဆောင်နိုင်ခြင်းမရှိခဲ့တဲ့ နောက်မှာ အသင်းကနေ ထုတ်ပယ်ခံရလိမ့်မယ်လို့ ဗြိတိန် မီဒီယာတွေက ခန့်မှန်းသုံးသပ်ကြတာပါ။
မန်စီးတီးနဲ့ အက်ဖ်အေဖလားဗိုလ်လုပွဲ ကစားဖို့ကျန်သေးပေမဲ့ နည်းပြတန်ဟတ်ဂ်ရဲ့ အနာဂတ်ဟာ အဆိုပါ ဗိုလ်လုပွဲရလဒ်နဲ့ သက်ဆိုင်မှု မရှိတော့ဘူးလို့ ဆိုကြပါတယ်။
အိုင်းယက်စ်အသင်းဘက်ကတော့ နည်းပြတန်ဟတ်ဂ်နဲ့ မန်ယူအသင်းတို့ရဲ့အခြေအနေကို စောင့်ကြည့်နေပြီး တန်ဟတ်ဂ်ကို ပြန်လည်ခေါ်ယူဖို့ စီစဉ်လာခဲ့တာပါ။
တန်ဟတ်ဂ်ဟာ အိုင်းယက်စ်အသင်းမှာ ၂၀၁၈ ခုနှစ်ကနေ ၂၀၂၂ ခုနှစ်အထိ တာဝန်ယူခဲ့ပြီး ဟော်လန်လိဂ်ချန်ပီယံရရှိအောင် စွမ်းဆောင်ခဲ့ပါတယ်။
Photo- REUTERS/Carl Recine