မန်ယူအသင်းဟာ လာမယ့်နွေရာသီအပြောင်းအရွှေ့မှာ တိုက်စစ်မှူးရက်ရှ်ဖို့ဒ် အပါအဝင် ကစားသမားအများစုကို ရောင်းထုတ်သွားဖို့ စီစဉ်နေပါတယ်။
အသင်းပိုင်ရှင်သစ်နဲ့ စီအီးအိုအသစ် အိုမာဘာရယ်ဒါတို့ဟာ အသင်းကို ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်သွားဖို့ ဆန္ဒရှိနေပြီး ကစာသမားအများစုကို ရောင်းထုတ်သွားဖို့ ပြင်ဆင်နေတယ်လို့ The Telegraph သတင်းမှာ ဖော်ပြပါတယ်။
နည်းပြချုပ် အဲရစ်တန်ဟတ်ဂ်ရဲ့ အနာဂတ်ဟာလည်း မရေမရာဖြစ်နေပြီး ကစားသမား ၃-၄ ဦးလောက်သာ အသင်းမှာ ဆက်ရှိဖို့ အာမခံချက်ရှိမယ်လို့ သိရပါတယ်။
အဲဒီကစားသမားတွေက အသင်းခေါင်းဆောင် ဖာနန်ဒက်စ်အပါအဝင်၊ ဟွိုက်လန်း၊ ဂါနာချိုနဲ့ မိန်နူးတို့ဖြစ်ပြီး အဆိုပါကစားသမားတွေကို ဝန်းရံပြီး အသင်းကို ပြုပြင်တည်ဆောက်သွားမယ်လို့ ဆိုပါတယ်။
တခြားစီနီယာ ကစားသမားအများစုကိုတော့ ထိုက်သင့်တဲ့ကမ်းလှမ်းချက် ရရှိလာမယ်ဆိုရင် ရောင်းထုတ်သွားဖို့ မန်ယူအသင်းက ပြင်ဆင်ထားတယ်လို့ သိရပါတယ်။
Photo-Reuters/Andrew Couldridge/John Sibley