ကမ္ဘောဒီးယားနိုင်ငံ အလယ်ပိုင်းက စစ်တပ်ရဲ့ လက်နက်တိုက်တခုမှာ ဧပြီ ၂၇ ရက်က ပေါက်ကွဲမှုဖြစ်ပွားခဲ့တဲ့အတွက် အနည်းဆုံး စစ်သား အယောက် ၂၀ သေဆုံးပြီး အများအပြား ဒဏ်ရာရခဲ့တယ်လို့ ရိုက်တာသတင်းက ဖော်ပြပါတယ်။
ကမ်ပေါင်စပူခရိုင်၊ ချဘာမွန်မြို့က အမှတ် ၃ စစ်ဒေသမှာရှိတဲ့ လက်နက်တိုက်မှာ ညနေ ၂ နာရီဝန်းကျင်က ပေါက်ကွဲမှုဖြစ်ပွားခဲ့တာဖြစ်ပြီး စစ်ဘက်ဆိုင်ရာ အဆောက်အအုံ ၄ ခုနဲ့ အနီးက နေအိမ် ၂၅ လုံးအထိ ထိခိုက်ခဲ့တယ်လို့ ဒေသခံမီဒီယာတွေက ဖော်ပြပါတယ်။
ပေါက်ကွဲတဲ့နေရာနားက အထည်ချုပ်စက်ရုံမှာ အလုပ်လုပ်နေတဲ့ အမျိုးသမီးတဦးကတော့ ပေါက်ကွဲမှုရဲ့အရှိန်ကြောင့် သူ့အိမ်အမိုးနဲ့ ပြတင်းပေါက်တွေပါ ပျက်စီးသွားတယ်လို့ ဆိုပါတယ်။
ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မာနက်က ဝမ်းနည်းကြောင်း ဖေ့စ်ဘွတ်ခ်မှာ ရေးသားခဲ့ပြီး ကွယ်လွန်သူတွေရဲ့ မိသားစုတွေကို ဒေါ်လာ ၂၀,၀၀၀ စီနဲ့ ဒဏ်ရာရ စစ်သားအသီးသီးအတွက် ဒေါ်လာ ၅,၀၀၀ စီ ထောက်ပံ့မယ်လို့ ကြေညာထားပါတယ်။
Source/Photo-Reuters