ဘရာဇီးနိုင်ငံတောင်ပိုင်း ပေါ်တူ-အလက်ဂရေ မြို့ရှိ တည်းခိုခန်းတခုမှာ ဧပြီ ၂၆ ရက် မနက် အစောပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့ရာမှာ လူ ၁၀ ဦးထက်မနည်း သေဆုံးပြီး ၁၁ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း ရီယို ဂရန်ဒီ ဒိုဆူးလ် ပြည်နယ်မီးသတ်ဌာနက ပြောပါတယ်။
သောကြာနေ့ မနက်အစောကြီး ၂ နာရီလောက်မှာ မီးသတ်တပ်ဖွဲ့တွေကို အကြောင်းကြား ခေါ်ယူခဲ့ပြီး အချိန် ၂ နာရီအတွင်း မီးငြိမ်းသတ်ခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ဆီကနေ သိရပါတယ်။
ရဲတပ်ဖွဲ့က မီးလောင်မှုရဲ့ ဇာစ်မြစ်ကို စုံစမ်းနေဆဲဖြစ်ပါတယ်။ တာဝန်ရှိသူတွေကလည်း ပျောက်ဆုံးနေသူတွေကို ရှာဖွေနေပါတယ်။
အဲဒီအဆောက်အအုံဟာ တည်းခိုခန်းအဖြစ် လုပ်ကိုင်ခွင့် လိုင်စင်လည်းမရှိ၊ မီးဘေးကာကွယ်ရေး အစီအမံတွေလည်း မရှိဘူးလို့ ဒေသခံမီးသတ်ဌာနက ပြောပါတယ်။
Source/Photo - Reuters