Home
နိုင်ငံတကာ
ကိုလံဘီယာစစ်တပ်၏ စစ်ဆင်ရေးအတွင်း သူပုန် ၁၅ ဦးထက်မနည်း သေဆုံး
DVB
·
April 26, 2024
Colombia_26042024

ကိုလံဘီယာနိုင်ငံ အနောက်တောင်ပိုင်းမှာ ဧပြီ ၂၅ ရက်က စစ်တပ်ရဲ့စစ်ဆင်ရေး တခုအတွင်း အက်စ်တားဒို မာယော် စင်ထရာလ်  (EMC) အဖွဲ့မှ သူပုန် ၁၅ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း နိုင်ငံရဲ့ ကာကွယ်ရေးဝန်ကြီး အိုင်ဗန် ဗေလားစ်ကက်ဇ်က ပြောပါတယ်။ 

စစ်ဆင်ရေးဟာ ကောက်ကာ ခရိုင်ထဲက အာရ်ဂေးလီယာ့ မြူနီစီပယ်နယ်မြေရဲ့ ကျေးလက်ဒေသ မှာ ပြုလုပ်ခဲ့တာဖြစ်ပြီး အဲဒီဒေသဟာ တောင်ထူထပ်ပြီးတော့ မူးယစ်ဆေးဝါး ရောင်းဝယ် ဖောက်ကားမှုအတွက် မဟာဗျူဟာကျတဲ့ နယ်မြေလည်း ဖြစ်ပါတယ်။ 

EMC အဖွဲ့ဟာ ၂၀၁၆ ငြိမ်းချမ်းရေး သဘောတူညီချက်ကို ပယ်ချခဲ့တဲ့ ဖှာ့ခ် ပြောက်ကျား အဖွဲ့ခွဲမှ ပေါ်ထွက်လာတဲ့ အင်အား ၃၅၀၀ ကျော်ရှိ တရားမဝင် လက်နက်ကိုင်အဖွဲ့တခုဖြစ်ပြီး မတ်လတုန်းက  EMC က ဌာနေခေါင်းဆောင် တဦးကို သတ်ဖြတ်ခဲ့တာကြောင့် အစိုးရက EMC နဲ့ ၂ ဖက်အပစ်အခတ်ရပ်စဲရေးကို ဆိုင်းငံ့ထားခဲ့တာ ဖြစ်ပါတယ်။ 

သမ္မတ ဂူစတာဗို ပေထရိုရဲ့ အစိုးရစာ နှစ်ဖက် အပစ်အခတ်ရပ်စဲရေးအပါအဝင် EMC နဲ့ ဆွေးနွေးမှုတွေကို အောက်တိုဘာလမှာ စတင်လုပ်ဆောင်ခဲ့တာပါ။ 

ဒါပေမဲ့လည်း လက်နက်ကိုင် ၆ ဖွဲ့ထဲက ၄ ဖွဲ့ဟာ အုပ်စုတွင်း သဘောထားကွဲလွဲမှုတွေကြောင့် တွေ့ဆုံဆွေးနွေးမှုကို စွန့်လွှတ်ခဲ့ကြတာကြောင့် အဲဒီဆုံးဖြတ်ချက်ဟာ ပြည်တွင်းပဋိပက္ခတွေကို ပြင်းထန်လာစေပြီး အရပ်သားလူထုကို ပိုမိုထိခိုက်စေနိုင်တဲ့ ဆုံးဖြတ်ချက်တစ်ခုဖြစ်ကြောင်း လေ့လာသုံးသပ်သူတွေက ပြောဆိုကြပါတယ်။ 

Source/Photo-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013