Home
မြန်မာသတင်း
မင်းတပ်မြို့နယ်ရှိ ဝမ္မသူးဆေးရုံလေကြောင်းတိုက်ခိုက်ခံရပြီး ၂ ဦးသေဆုံး
DVB
·
April 26, 2024
Chin_26042024

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်ရှိ ဝမ္မသူးဆေးရုံကို မနေ့ညက စစ်ကောင်စီတပ်ဘက်က  လေကြောင်းတိုက်ခိုက်လို့  အနည်းဆုံးအရပ်သား ၂ ဦး သေဆုံးခဲ့တယ်လို့  CDF မင်းတပ်က သတင်းထုတ်ပြန်ပါတယ်။ 

စစ်ကောင်စီတပ်ဟာ မနေ့ညနေ ၄ နာရီခွဲလောက်ကစပြီး  မင်းတပ်မြို့နယ်၊ တိုက်နယ် (၂) ဘက်ကို  ဂျက်တိုက်လေယာဉ်နဲ့ ၂ ကြိမ်တိုက်ခိုက်ပြီး Y12 အမျိုးအစားလေယာဥ်က ၅ ကြိမ် တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်၊ 

အဲဒီနောက်  ည ၈ နာရီလောက်မှာတော့ တိုက်နယ် (၂) ရှိ ဝမ္မသူးဆေးရုံကို စစ်တပ်ကဂျက်ဖိုက်တာလေယာဥ်နဲ့ ထပ်ပြီးလေကြောင်းတိုက်ခိုက်လို့  အနည်းဆုံးအရပ်သား ၂ ဦး သေဆုံးပြီး   ဒဏ်ရာရသူအများအပြားရှိကြောင်း CDF မင်းတပ်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဝမ္မသူးဆေးရုံအပြင် အရပ်သားပြည်သူတွေရှိတဲ့ တခြားနေရာတွေကိုလည်း လေကြောင်းတိုက်ခိုက်မှုတွေရှိခဲ့ပြီး အသေးစိတ်အခြေအနေတော့  မသိရသေးဘူးလို့ ဆိုပါတယ်။

စစ်ကောင်စီတပ်ဟာ ဆေးရုံတွေ၊ ဆေးပေးခန်းတွေ၊ စာသင်ကျောင်းတွေ၊ ခရစ်ယာန်ဘုရားကျောင်း၊ ဘုန်းကြီးကျောင်း၊ စေတီပုထိုးတွေအပါအဝင် အရပ်ဘက် ပစ်မှတ်တွေကို လေကြောင်းကနေ  မကြာခဏဆိုသလို ပစ်ခတ်တိုက်ခိုက်နေတာ ဖြစ်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013