တောင်ပံကစားသမား အန်တိုနီအနေနဲ့ ရန်စတဲ့ အောင်ပွဲခံမှု မလုပ်ခဲ့သင့်ကြောင်း မန်ယူနည်းပြအဲရစ် တန်ဟတ်ဂ်က ပြောသွားပါတယ်။
မန်ယူအသင်းက ကိုဗင်ထရီကို ပင်နယ်တီအဆုံးအဖြတ်နဲ့ အနိုင်ရတဲ့ ပွဲစဉ်အပြီးမှာ အသင်း တောင်ပံတိုက်စစ်ကစားသမား အန်တိုနီက ကိုဗင်ထရီကစားသမားတွေရဲ့ရှေ့မှာ လက်နှစ်ဖက်ကို နားရွက်အနောက်မှာ ထိကပ်ပြီး လှောင်ပြောင်ခဲ့တာပါ။
အန်တိုနီဟာလည်း ရန်စတဲ့အပြုအမူခံခဲ့ရလို့ ပြန်လည်တုံ့ပြန်ခဲ့တာဖြစ်ပေမဲ့ အဲဒီလို ပြန်လည်တုံ့ပြန်တာမျိုး မလုပ်ဆောင်ခဲ့သင့်ကြောင်း နည်းပြတန်ဟတ်ဂ်က ပြောပါတယ်။
ပင်နယ်တီအနိုင်ဂိုးအပြီးမှာ ဟယ်ရီမက်ဂွဲယားက ကိုဗင်ထရီကစားသမားတွေကို လိုက်လံနှုတ်ဆက်ခဲ့တဲ့ အပြုအမူကိုတော့ နည်းပြတန်ဟတ်ဂ်က ချီးကျူးခဲ့ပြီး ပြိုင်ဘက် အသင်းရဲ့ စွမ်းဆောင်ရည်အပေါ် ဂုဏ်ပြုချီးကျူးရမှာ ဖြစ်ကြောင်း နည်းပြတန်ဟတ်ဂ်က ပြောပါတယ်။
ရှက်ဖီးယူနိုက်တက်နဲ့ ကစားမယ့်ပရီးမီးယားလိဂ်ပွဲစဉ်မှာ ကွင်းလယ်လူတွန်မီနေးနဲ့ တိုက်စစ်မှူး ရက်ရှ်ဖို့ဒ်တို့ ပါဝင်ကစားနိုင်ဖို့ မသေချာကြောင်းလည်း နည်းပြတန်ဟတ်ဂ်က အသိပေးသွားပါတယ်။
Photo - REUTERS/Phil Noble