မလေးရှားနိုင်ငံမှာ စစ်ရဟတ်ယာဉ် ၂ စင်း ဧပြီ ၂၃ ရက် ဒီနေ့မနက်က ပျံသန်းလေ့ကျင့်စဉ် လေထဲမှာတိုက်မိပြီး လိုက်ပါလာသူ ၁၀ ဦးစလုံး သေဆုံးသွားတယ်လို့ မလေးရှားတော်ဝင် ရေတပ်က ထုတ်ပြန်ပါတယ်။
မလေးရှားနိုင်ငံ အနောက်ပိုင်း ပီရတ်ခ်ပြည်နယ်မရှိ လူးမတ်ရေတပ်စစ်အခြေစိုက်စခန်းမှာ ဒီနေ့မနက် ၉ နာရီခွဲလောက်က ရေတပ်စစ်ရေးပြပွဲအတွက် လေ့ကျင့်ပျံသန်းနေစဉ် စစ်ရဟတ်ယာဉ် ၂ စင်း မတော်တဆ တိုက်မိခဲ့တာလို့ ဆိုပါတယ်။
ရဟတ်ယာဉ်ပေါ် လိုက်ပါလာသွားတဲ့ တပ်ဖွဲ့ဝင်တွေအားလုံး ပျက်ကျတဲ့နေရာမှာ သေဆုံးသွားပြီလို့ အတည်ပြုတဲ့အကြောင်းနဲ့ အလောင်းတွေကို ဘယ်သူဘယ်ဝါဆိုတာခွဲခြားဖို့ လူးမတ် ရေတပ်စခန်းရှိ စစ်ဆေးရုံကို ပို့ဆောင်ထားတယ်လို့လည်း မလေးရှား ရေတပ်က ထုတ်ပြန် ပါတယ်။
Source/Photo Courtesy- Fire and Rescue Department of Malaysia /Reuters