Home
နိုင်ငံတကာ
မြောက်ကိုရီးယားက ပဲ့ထိန်းဒုံးကျည် ၁ စင်း ပစ်လွှတ်
DVB
·
April 23, 2024
NorthKoreaMissile_23042024

မြောက်ကိုရီးယားအစိုးရဟာ ဧပြီ ၂၂ ရက်မှာ နိုင်ငံရဲ့ အရှေ့ဘက်ကမ်းရိုးတန်းကနေ ပင်လယ်ပြင်ဆီ ပဲ့ထိန်းဒုံးကျည်တစင်း ပစ်လွှတ်ခဲ့တယ်လို့ တောင်ကိုရီးယားစစ်တပ်က ပြောပါတယ်။

ဂျပန်အစိုးရနဲ့ ကမ်းခြေစောင့်တပ်ဖွဲ့ကလည်း မြောက်ကိုရီးယားက ပဲ့ထိန်းဒုံးကျည်လို့ ယူဆရတဲ့ ဒုံးကျည်ကို ပစ်လွှတ်ခဲ့တယ်လို့ ပြောပါတယ်။

ဒီဒုံးကျည်ဟာ ဂျပန်နိုင်ငံရဲ့ သီးသန့်စီးပွားရေးဇုန်ဧရိယာ အပြင်ဘက်ကို ကျခဲ့တယ်လို့ NHK ရုပ်သံဌာနက ပြောပါတယ်။

တောင်ကိုရီးယားနဲ့ ဂျပန် နှစ်နိုင်ငံအစိုးရတွေက နောက်ထပ် အသေးစိတ် အချက်အလက်တွေကို ချက်ချင်း မထုတ်ပြန်သေးပါဘူး။

မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်း ဦးဆောင်ပြီး သူ့ရဲ့ရန်သူတွေကို ရှင်းရှင်းလင်းလင်း သတိပေးတဲ့အနေနဲ့ သူ့ရဲ့ “နျူးကလီးယားအစပျိုး” စီမံခန့်ခွဲမှုစနစ်ကို အတုယူထားတဲ့ ပထမဆုံး နျူးကလီးယား တန်ပြန်စစ်ရေးလေ့ကျင့်မှုကို လုပ်ဆောင်ခဲ့ကြောင်း အစိုးရပိုင် ရုပ်မြင်သံကြား KRT က ဧပြီ ၂၃ ရက်မှာ ထုတ်ပြန်ပါတယ်။

မြောက်ကိုရီးယားဟာ ဧပြီ ၂၂ ရက်က တာတိုပစ် ပဲ့ထိန်းဒုံးကျည် အများအပြားကို သူ့ရဲ့ အရှေ့ဘက်ကမ်းရိုးတန်း ပင်လယ်ပြင်ဆီ ပစ်ခတ်ခဲ့ကြောင်း တောင်ကိုရီးယားစစ်တပ်က ပြောခဲ့ပါတယ်။

“နျူးကလီးယားလက်နက်ကြီး” လို့ ခေါ်ဆိုတဲ့ နိုင်ငံတဝန်း နျူးကလီးယား စီမံခန့်ခွဲမှုစနစ် စမ်းသပ်မှုရဲ့ တစိတ်တပိုင်းအနေနဲ့ မြောက်ကိုရီးယား အမြောက်တပ်တွေဟာ နိုင်ငံရဲ့ ပထမဆုံးသော စစ်ရေးလေ့ကျင့်မှုမှာ ပါဝင်လာခဲ့ပြီး အမေရိကန်နဲ့ တောင်ကိုရီးယားတို့ရဲ့ “ရန်စနှောင့်ယှက်” စစ်ရေးလေ့ကျင့်မှုကို ဆန့်ကျင်ကန့်ကွက်ခဲ့ကြောင်း KRT သတင်းဖတ်သူက ပြောကြားခဲ့ပါတယ်။

ကင်မ်ဂျုံအန်းဟာ နျူးကလီးယား တန်ပြန်တိုက်ခိုက်ရေးပုံစံမှာ တပ်ဖွဲ့ဝင်တွေ ပါဝင်လေ့ကျင့်မှုနဲ့ နျူးကလီးယား အကျပ်အတည်း သတိပေးချက်တွေကို ထုတ်ပြန်တဲ့အနေနဲ့ လူလုပ် နျူးကလီးယားထိပ်ဖူးအတုတွေနဲ့ အမြောက်ပစ်ခတ်တာတွေကို သရုပ်ဖော် လေ့ကျင့်မှုကိုလည်း ကြီးကြပ်ခဲ့ပါတယ်။

Source/Photo-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013