နည်းပြတန်ဟတ်ဂ်ကို ထုတ်ပယ်ဖို့ မန်ယူအသင်းဆုံးဖြတ်ပြီးဖြစ်ကြောင်း အင်္ဂလန်တိုက်စစ်မှူး ဟောင်း အလန်ရှီးယားက ခန့်မှန်းပြောသွားပါတယ်။
နည်းပြတန်ဟတ်ဂ်ရဲ့ မန်ယူအသင်းဟာ ကိုဗင်ထရီအသင်းနဲ့ အက်ဖ်အေဖလားပွဲစဉ်မှာ ပင်နယ်တီအဆုံးအဖြတ်နဲ့ အနိုင်ရရှိခဲ့ပေမဲ့ အသင်းရဲ့ စွမ်းဆောင်ရည်နဲ့ ပတ်သက်ပြီး မေးခွန်းထုတ်ခံနေရတာပါ။
အဲဒီပွဲမှာ မန်ယူအသင်းက ၃ ဂိုးအရင်သွင်းခဲ့ပေမဲ့ ၃ ဂိုး ဆက်တိုက်ပြန်ပေးခဲ့ရပြီး အချိန်ပို၊ ပင်နယ်တီအထိ ရောက်သွားတာပါ။
နယူးကာဆယ်တိုက်စစ်မှူးဟောင်း အလန်ရှီးယားကတော့ မန်ယူအသင်းနည်းပြရဲ့အနာဂတ်က ဆုံးဖြတ်ထားပြီးဖြစ်ကြောင်း၊ အက်ဖ်အေဖလားရရှိခဲ့ရင်တောင် နည်းပြတန်ဟတ်ဂ်အနေနဲ့ အသင်းကနေ ထွက်ခွါသွားရမှာဖြစ်ကြောင်း ပြောသွားခဲ့တာဖြစ်ပါတယ်။
Photo-Reuters