စင်ကာပူရေတပ်ဟာ သူ့နိုင်ငံရဲ့ ရဲ့ ၄ စီးမြောက် Invincible-class အဆင့် ရေငုပ်သင်္ဘော တစီးကို ဂျာမနီနိုင်ငံ ကီယယ်မြို့မှာ ဧပြီ ၂၂ ရက်မှာ စတင်တည်ဆောက်ခဲ့ပါတယ်။
အရှည် ၇၀ မီတာရှည်တဲ့ ပြိုင်ဘက်ကင်း ရေငုပ်သင်္ဘောကို ဂျာမနီနိုင်ငံ ကီယယ်မြို့က သစ်ဇန်ခရပ်ပ် ပင်လယ်ရေကြောင်းစနစ် (TKMS) သင်္ဘောကျင်းမှာ တည်ဆောက်ဖို့ စင်ကာပူသမ္မတနိုင်ငံကနေ ခန့်အပ်တာဝန်ပေးခဲ့တဲ့ ရေငုပ်သင်္ဘော ၄ စင်းထဲက တစင်းပါ။
ဒီအခမ်းအနားကို အမျိုးသားလုံခြုံရေးညှိနှိုင်းရေးဝန်ကြီး တျိုချီဟီးနဲ့ ဂျာမန်ကာကွယ်ရေးဝန်ကြီး ဘောရစ် ပစ္စတိုးရီးယပ်စ်တို့ အပါအဝင် စင်ကာပူနဲ့ ဂျာမနီ အဆင့်မြင့်ကိုယ်စားလှယ် ဧည့်သည်တော် အယောက် ၂၅၀ လောက် တက်ရောက်ခဲ့ပါတယ်။
Source/Photo-Reuters