အန်အယ်လ်ဒီအစိုးရလက်ထက်က ခန့်အပ်ထားတဲ့ ဒုတိယသမ္မတ ဦးဟင်နရီ ဗန်ထီးယူကို အနားယူခိုင်းလိုက်ပြီလို့ စစ်ကောင်စီက ဒီနေ့ ဧပြီ ၂၂ ရက်ညမှာ နိုင်ငံပိုင်သတင်းဌာနနဲ့ စစ်တပ်သတင်းဌာနကနေ ကြေညာပါတယ်။
ဦးဟင်နရီဗန်ထီးယူဟာ ၂၀၁၅ ရွေးကောက်ပွဲမှာ ချင်းပြည်နယ်ကနေ အမျိုးသားလွှတ်တော် အမတ်အဖြစ် အန်အယ်ဒီပါတီကိုယ်စားပြု အနိုင်ရခဲ့ပြီးနောက် ဒုတိယသမ္မတအဖြစ် ရွေးချယ်ခံခဲ့ရတာပါ။
သူဟာ စစ်တပ်က အာဏာသိမ်းချိန်က ဖမ်းဆီးမခံခဲ့ရပေမဲ့ အစောပိုင်း ကာလုံအစည်းအဝေးကလွဲလို့ နောက်ပိုင်းမှာ ကျန်းမာရေးကြောင့် မတက်ရောက်နိုင်ဘူးလို့ စစ်ကောင်စီက ထုတ်ပြန်ပြီး လူမြင်ကွင်းက ပျောက်နေခဲ့တာပါ။
သူဟာ စစ်တပ်မှာ ဒုတိယဗိုလ်မှူးကြီးဖြစ်ခဲ့ပြီး မကြာခင်က ကာလုံအစည်းအဝေးတွေမှာ တက်ရောက်တာကို တွေ့ရပြီးနောက် အခုလို ဖယ်ရှားခံရတာ ဖြစ်ပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ကတော့ အာဏာသိမ်းစစ်ကောင်စီနဲ့ ပူးပေါင်းဆောင်ရွက်နေတဲ့ ဒုသမ္မတ ၂ ဦးဟင်နရီဗန်ထီးယူကို ပါတီဝင်အဖြစ်ကနေ ဗဟိုကော်မတီအစည်းအဝေး ဆုံးဖြတ်ချက်နဲ့ ထုတ်ပယ်ကြောင်း ပြီးခဲ့တဲ့ ၂၀၂၃ ခု ဩဂုတ် ၉ ရက်မှာ ထုတ်ပြန်ကြေညာခဲ့တာပါ။