အစ္စရေးတိုက်ခိုက်မှုကြောင့် ခင်ပွန်းသည်၊ သမီးဖြစ်သူတို့နဲ့အတူ သေဆုံးခဲ့တဲ့ ပါလက်စတိုင်း ကိုယ်ဝန်ဆောင်အမျိုးသမီးတဦးရဲ့ ဗိုက်ထဲက မိန်းကလေးငယ်ကို ကယ်ဆယ်နိုင်ခဲ့တယ်လို့ ပါလက်စတိုင်း ကျန်းမာရေး တာဝန်ရှိသူတွေက ပြောပါတယ်။
ဂါဇာကမ်းမြောင်၊ ရာဖာမြို့ကို အစ္စရေးရဲ့ ညသန်းခေါင်ကျော် တိုက်ခိုက်မှုမှာ နေအိမ် ၂ လုံးကို ထိမှန်ခဲ့ပြီး လူ ၁၉ ဦး သေဆုံးခဲ့ရာမှာ မိသားစုတစုထဲက ကလေး ၁၃ ဦး ပါဝင်ခဲ့တယ်လို့ ဆိုပါတယ်။
၁ ဒသမ ၄ ကီလီဂရမ် (၃ ပေါင်ကျော်ပဲ) ရှိတဲ့ ကလေးလေးကို ဗိုက်ခွဲမွေးခဲ့ပြီး တဖြည်းဖြည်းနဲ့ ပုံမှန်ဖြစ်လာပြီလို့ စောင့်ရှောက်ပေးနေတဲ့ ဆရာဝန် မိုဟာမက် ဆာလာမာက ပြောပါတယ်။
မိခင်ဖြစ်သူ ဆာဘရင်းန် အယ်လ် ဆာကာနီဟာ ကိုယ်ဝန်ဆောင် ရက်သတ္တပတ် ၃၀ ပဲ ရှိသေးတဲ့အချိန်မှာ ကွယ်လွန်ခဲ့တာ ဖြစ်ပါတယ်။
ရာဖာက ဆေးရုံမှာ ဖန်ပေါင်းချောင် မလုံလောက်တဲ့အတွက် မွေးလာတဲ့ ကလေးလေးကို တခြားကလေးတဦးနဲ့အတူ ထားထားရပါတယ်။
မွေးစကလေး ၄ လကို ဆေးရုံမှာ သုံးလေးပတ်ထားရဦးမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
“ပြီးရင်တော့ ကလေးကို ဘယ်မိသားစုလက်ထဲ ပို့ရမလား၊ သူ့အဒေါ်တွေ ဦးလေးတွေဆီ ပို့ရမလား၊ သူ့အဘိုးအဘွားတွေဆီမှာ ထားရမလား ကြည့်ရဦးမှာပေါ့။ တကယ့်အဖြစ်ဆိုးကြီးပါပဲ။ ကလေးက အသက်ရှင်ပေမဲ့ မိဘမဲ့အနေနဲ့ မွေးလာတာ ဆိုတော့လေ” လို့ ဆာလာမာက ပြောပါတယ်။
Source/Photo-Reuters