ကမ္ဘာ့အကြီးဆုံး ဒစ်ဂျစ်တယ်နက္ခတ္တဗေဒလေ့လာရေးကင်မရာကို တပ်ဆင်ပြီးစီးပြီဖြစ်လို့ ချီလီနိုင်ငံက ပေ ၈,၉၀၀ မြင့်တဲ့ ဆယ်ရိုပါခွန်း တောင်ထိပ်မှာ ထားရှိဖို့ ပို့ဆောင်သွားမှာ ဖြစ်ပါတယ်။
၃,၂၀၀ မဂ္ဂါပစ်ဇယ်ရှိပြီး ၃,၀၀၀ ကီလိုဂရမ်လေးတဲ့ ဧရာမကင်မရာကြီးကို ကာလီဖိုနီးယား ပြည်နယ်၊ မန်လိုပါ့ခ်မှာရှိတဲ့ SLAC National Accelerator Laboratory က အင်ဂျင်နီယာတွေနဲ့ သိပ္ပံပညာရှင်တွေက တပ်ဆင်ပေးခဲ့တာ ဖြစ်ပါတယ်။
အာကာသနဲ့ အချိန် အမွေအနှစ် လေ့လာရေး (LSST) ကင်မရာလို့ အမည်ပေးထားတဲ့ ဒီကင်မရာကြီးကို နေရာချထားပြီးရင် တညကို ပုံ ၁၀၀၀၊ ဒေတာ ၁၅ တီရာဘိုက်က နေ ၂၀ တီရာဘိုက်အထိ ရိုက်ကူး မှတ်တမ်းတင်နိုင်မှာဖြစ်ပါတယ်။
Dark energy နဲ့ Dark matter ၊ စကြဝဠာ ခွဲဝေမှု စတဲ့ အကြောင်းခြင်းရာတွေကို လေ့လာဖို့ သိပ္ပံပညာရှင်တွေဟာ ဒီကင်မရာကြီးကို သုံးစွဲနိုင်မှာဖြစ်ပါတယ်။
ကင်မရာတပ်ဆင်ပေးတဲ့ အမျိုးသမီး စက်မှုအင်ဂျင်နီယာ မာဂိုလိုပက်ဇ်က “အာကာသထဲမှာ ထူးခြားတဲ့ အရာတခုခုကို ရှာတယ်ဆိုတာက တွေးကြည့်မယ်ဆိုရင် ကောက်ရိုးပုံထဲက အပ်ပျောက် ရှာသလိုမျိုးပါ၊ အဲဒီတော့ ကောက်ရိုးပုံများများမှာ ရှာဖွေနိုင်လေလေ၊ အပ်တွေ များများတွေ့နိုင်ခြေ များလေပေါ့။ ဆိုတော့ ကောက်ရိုးပုံ တသန်းလောက်ကို တခါတည်း ရှာနိုင်မယ်ဆိုရင် တော်တော်စိတ်ဝင်စားစရာကောင်းတဲ့ အပ်တွေ တွေ့မယ်ဆိုတာ သေချာနေတယ်လေ” လို့ ပြောပါတယ်။
ကင်မရာကြီးဟာ ချီလီနိုင်ငံကို နောက်လမှာ ရောက်ရှိမှာဖြစ်ပြီး ဗီရာစီရူဘင် လေ့လာရေးစခန်းက ဆီမိုညီ သုတေသနတယ်လီစကုပ်ထိပ်များမှာ တပ်ဆင်သွားမှာဖြစ်ပါတယ်။
၂၀၂၅ ကျမှ LSST က ရိုက်ကူးထားတဲ့ ပထမဆုံးပုံရိပ်တွေကို အများပြည်သူ မြင်တွေ့နိုင်မှာ ဖြစ်ပါတယ်။
Source/Photo - Reuters