မန်စီးတီးနဲ့ယှဉ်ပြိုင်ကစားခဲ့တဲ့ အက်ဖ်အေဖလား ဆီမီးဖိုင်နယ်ပွဲစဉ်မှာ ပင်နယ်တီ သတ်မှတ်ပေးခြင်းမရှိတဲ့အပေါ် ချဲလ်ဆီး နည်းပြ ပိုချက်တီနိုက ဝေဖန်သွားပါတယ်။
အဲဒီပွဲစဉ်မှာ မန်စီးတီးက ဘာနာဒိုဆေးလ်ဗားရဲ့ ၈၄ မိနစ်မှာ သွင်းယူခဲ့တဲ့ဂိုးနဲ့ အနိုင်ရခဲ့တာပါ။ ပွဲချိန်အတွင်းမှာ ကိုးလ်ပါလ်မာရဲ့ အလွတ်တည်ကန်ဘောကနေ မန်စီးတီးကစားသမား ဂျက်ဂရေးလစ်ရှ် လက်ထိဘော ဖြစ်ခဲ့ပေမဲ့ ပင်နယ်တီသတ်မှတ်ခြင်းမရှိတဲ့အပေါ် နည်းပြပိုချက်တီနိုကဝေဖန်ခဲ့တာပါ။
ကွင်းဘေးစည်းကနေ အတိအကျ မမြင်နိုင်သည့်တိုင် ပင်နယ်တီပေးရမဲ့ ပြစ်ဒဏ်ဆိုတာကို အသင်းနည်းပြအဖွဲ့က ရုပ်သံကနေပြန်လည်ကြည့်ရူပြီး ပြောခဲ့ကြောင်း ပိုချက်တီနိုကပြောပါတယ်။
ချဲလ်ဆီးကစားသမားတွေဟာလည်း ပင်နယ်တီသတ်မှတ်ပေးဖို့ ကွင်းလယ်ဒိုင် မိုက်ကယ်အိုလီဗာကို ဖိအားပေးခဲ့ပေမဲ့ ဒိုင်လူကြီးက ဂိုးလွန်ဘောသာ သတ်မှတ်ပေးခဲ့တာဖြစ်ပါ တယ်။
Photo - Reuters