Home
မြန်မာသတင်း
မကွေးတိုင်းက ခရမ်းချဉ်စိုက်တောင်သူများ အရှုံးပေါ်
DVB
·
April 20, 2024
Tomato Magway_20042024

စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ရေးပဋိပက္ခတွေ ဖြစ်ပွားနေတဲ့ မကွေးတိုင်းမှာ လမ်းတွေ ပိတ်ဆို့ခံထားရတာကြောင့် ကုန်တင်ကားခနှုန်း ၂ ဆမြင့်တက်နေပြီး အခုလက်ရှိ ခရမ်းချဉ်သီး ဈေးနှုန်းက အရင်းရဲ့တ၀က်တောင် ပြန်မရလို့ တောင်သူတွေဟာ အသီးတွေကို မဆွတ်ခူးတော့ဘဲ ခြံတွေကို ဒီအတိုင်းပစ်ထားရပါတယ်။

ဒေသနဲ့ မြေအနေအထားအလိုက် ခရမ်းချဉ်သီး ၁ ဧကကို မြေဆီ၊ ဆေးနဲ့ ခြံလုပ်သားခေါ်ယူခ စုစုပေါင်း သိန်း ၅၀ ၀န်းကျင် ရင်းနှီးရတယ်လို့ ခရမ်းချဉ်သီးစိုက်တောင်သူတဦးက ပြောပါတယ်။ 

မကွေးတိုင်း၊ ရေစကြိုမြို့နယ်က ကျေးရွာအုပ်စုတခုတည်းမှာပဲ ခရမ်းချဉ်စိုက်ဧကပေါင်း ရာနဲ့ချီရှိပြီး သိန်းပေါင်း ထောင်နဲ့ချီပြီး ဆုံးရှုံးကြတယ်လို့ ဆိုပါတယ်။

မကွေးတိုင်းနဲ့ စစ်ကိုင်းတိုင်းအတွင်းက ပြည်သူတွေဟာ ရရာလက်နက်ဆွဲကိုင်ပြီး စစ်အာဏာရှင်စနစ်ကို ခုခံတွန်းလှန်နေတာကြောင့် စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းတွေဟာ ကျေးရွာတွေဘက်ထိပါ စစ်ကြောင်းထိုးပြီး ပြည်သူလူထုတွေရဲ့ အိုးအိမ်တွေ၊ ပိုင်ဆိုင်မှုတွေ ကျွဲ နွား တိရစ္ဆာန်တွေနဲ့ စားသောက်ကုန်တွေကို မီးရှို့ဖျက်ဆီးတာ အရပ်သားတွေကို ပစ်မှတ်ထား တိုက်ခိုက်တာတွေ  ဆက်တိုက်ပြုလုပ်ပါတယ်။ 

၃ နှစ်ကျော်ကာလအတွင်း စစ်ကောင်စီတပ်ဟာ ပြည်သူ့နေအိမ်ပေါင်း ၈၀၀၀၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

ဒါ့ကြောင့် အဲ့ဒီတိုင်းဒေသအတွင်းမှာရှိတဲ့ တောင်သူတွေဟာ ကျေးရွာတွေဘက်ကို စစ်တပ်က စစ်ကြောင်းထိုးသံကြားရင် အိုးပစ်အိမ်ပစ် စိုက်ခင်းတွေ ပစ်ပြီး တိမ်းရှောင်ရတာကြောင့် စိုက်ပျိုးသီးနှံတွေ မရိတ်သိမ်းနိုင်ကြဘဲ အရှုံးပေါ် အခက်အခဲကြုံနေကြတာလို့ ဆိုပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013