တိုက်စစ်မှူး ပါလ်မာအတွက် ထိုက်တန်တဲ့ပွဲ ကစားခွင့်မပေးခဲ့ကြောင်း မန်စီးတီးနည်းပြ ဂွါဒီယိုလာက ဝန်ခံပြောသွားပါတယ်။
အသက် ၈ နှစ်ကတည်းက မန်စီးတီးအကယ်ဒမီမှာ ရောက်ရှိခဲ့တဲ့ ပါလ်မာဟာ အသင်းကြီးမှာ ပွဲထွက်ခွင့်နည်းပါးတာကြောင့် အခုနှစ် ရာသီအစက ချဲလ်ဆီးအသင်းဆီကို ပေါင် ၄၂ သန်းနဲ့ ပြောင်းရွှေ့လာခဲ့တာပါ။
ပါလ်မာဟာ စနေနေ့မှာ အသင်းဟောင်း မန်စီးတီးနဲ့ အက်ဖ်အေဖလား ဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ် ရင်ဆိုင်သွားရမှာပါ။ အဲဒီပွဲစဉ်မတိုင်ခင် သတင်းစာရှင်းလင်းပွဲမှာ ပါလ်မာအတွက် ထိုက်တန်တဲ့ပွဲ ထွက်ခွင့်မပေးခဲ့ကြောင်း နည်းပြဂွါဒီယိုလာက ဝန်ခံခဲ့တာပါ။
ပါလ်မာဟာ အသင်းကနေ မထွက်ခွာခင် ၂ နှစ်လောက် အလိုကတည်းက ထွက်ခွာခွင့် တောင်းဆိုနေခဲ့တာဖြစ်ပြီး ထွက်ခွာခွင့်တောင်းဆိုနေတဲ့ ကစားသမားတစ်ဦးကို ဆက်ထိန်းဖို့ မတက်နိုင်ကြောင်း ဂွါဒီယိုလာက ပြောပါတယ်။
ပါလ်မာဟာ ချဲလ်ဆီးအသင်းမှာ ပရီးမီးယားလိဂ် သွင်းဂိုး ၂၀ သွင်းယူထားပြီး အသင်းဟောင်း စီးတီးတိုက်စစ်မှူး ဟာလန်းနဲ့ အပြိုင် ဂိုးသွင်းအများဆုံးဆုရဖို့ မျှော်လင့်ခွင့်ရှိနေပါတယ်။
Photo - REUTERS/Toby Melville