Home
နိုင်ငံတကာ
ပါကစ္စတန်တွင် ဂျပန်နိုင်ငံသားများကို အသေခံဗုံးခွဲမည့်သူကို ဟန့်တားနိုင်ခဲ့
DVB
·
April 20, 2024
PakistranBombers_20042024

ပါကစ္စတန်နိုင်ငံ ကရာချိမြို့မှာ ဂျပန်နိုင်ငံသား ၅ ဦး လိုက်ပါလာတဲ့ ယာဉ်ကို တိုက်ခိုက်တဲ့ အသေခံဗုံးခွဲသူတဦးနဲ့ စစ်သွေးကြွတဦးကို ဧပြီ ၁၉ ရက်နေ့က ပစ်ခတ်ရှင်းလင်းနိုင်ခဲ့ပြီး ဂျပန်နိုင်ငံသားအားလုံး အသက်ဘေးက လွတ်ခဲ့တယ်လို့ ရဲတပ်ဖွဲ့ပြောခွင့်ရပုဂ္ဂိုလ်က ပြောပါတယ်။

ပါကစ္စတန်မှာ အစိုးရကို ဖြုတ်ချပြီး တင်းကျပ်တဲ့ အစ္စလာမ်မစ်ဥပဒေတွေ ပြဋ္ဌာန်းနိုင်ဖို့ ကြိုးစားနေတဲ့ စစ်သွေးကြွတွေဟာ နိုင်ငံခြားသားတွေကို ပစ်မှတ်ထားတဲ့ အကြမ်းဖက်မှုတွေ တောက်လျှောက်လုပ်ဆောင်နေပါတယ်။ 

အထူးသဖြင့် တရုတ်နိုင်ငံသားတွေကို ပစ်မှတ်ထားတဲ့ တိုက်ခိုက်မှုတွေ မကြာခဏ ဖြစ်ပွားနေပါတယ်။ 

အသက်ဘေးက လွတ်သွားတဲ့ ဂျပန်နိုင်ငံသားတွေဟာ အစောင့်တွေနဲ့အတူ ခရီးသွားနေတာ ဖြစ်ပြီး အခုအခါ ရဲစောင့်ရှောက်မှုအောက်မှာ ဘေးလွတ်ရာ ရွှေ့ပေးထားတယ်လို့ ဆိုပါတယ်။ 

အခုတိုက်ခိုက်မှုကို ဘယ်အဖွဲ့က လုပ်တယ်ဆိုတာ ထုတ်ပြန်ထားခြင်းမရှိသေးပါဘူး။

Source/Photo - REUTERA/Akhtar Soomro

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013