Home
ရုပ်သံ
“တန်ခူးလေ” တော်လှန်သင်္ကြန်သံချပ်ပြိုင်ပွဲ ဒေါင်းတို့မျိုးဆက်အဖွဲ့ ပထမဆုရရှိ (ရုပ်သံ)
DVB
·
April 17, 2024
DaungToeMyoSat ThanChat_17042024

လွတ်မြောက်နယ်မြေရောက် နွေဦးတော်လှန်ရေးအင်အားစုတွေနဲ့ Federal Family ရဲ့ ကူညီပံ့ပိုးစီစဉ်မှုနဲ့ ကျင်းပခဲ့တဲ့ “တန်ခူးလေ” တော်လှန်သင်္ကြန်သံချပ်ပြိုင်ပွဲမှာ ဒေါင်းတို့ မျိုးဆက်အဖွဲ့က ပထမဆု ဆွတ်ခူးရရှိပါတယ်။

ပြိုင်ပွဲမှာတော့ သံချပ်တွေကို လူမျိုးဘာသာ၊ အသားအရောင်နဲ့ လိင်စိတ်ခံယူတိမ်းညွှတ်မှုအပေါ် ခွဲခြားဆက်ဆံတဲ့ အသုံးအနှုန်းတွေ သုံးနှုန်းခြင်းမပြုရဘူးလို့ သတ်မှတ်ထားပြီး ဆုရွေးချယ်ရေးအဖွဲ့ အကဲဖြတ်ဒိုင်တွေအဖြစ်  ဆရာငြိမ်းသစ်၊ ဆရာအောင်ဝေး၊ ဆရာမ မသီတာ (စမ်းချောင်း)၊ ဆရာ ဝေမှူးသွင်နဲ့ ဆရာ Aမွန် တို့က ဦးဆောင်ရွေးချယ်ပေးခဲ့တာ ဖြစ်ပါတယ်။

ပြိုင်ပွဲဝင်သံချပ်အဖွဲ့ ၁၂ ဖွဲ့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ပထမဆုကို ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့၊ ဒုတိယဆုကို သွေးပိတောက် သံချပ်အဖွဲ့နဲ့ တတိယဆုကို တော်လှန်ပုန်ကန် ဒေါင်းတို့အားမာန် သံချပ်အဖွဲ့တွေက ရရှိသွားခဲ့ပြီး ဆုကြေးငွေကျပ်သိန်း ၂၀၊ ၁၅ သိန်းနဲ့ ကျပ် ၁၀ သိန်းစီ အသီးသီး ချီးမြှင့်မယ်လို့ ဆိုပါတယ်။

ပထမဆုရ ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ရဲ့ တင်ဆက်မှု အပြည့်အစုံကို ဖော်ပြပါ ယူကျုဘ်လင့်ခ်ကတဆင့် ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013