Home
နိုင်ငံတကာ
Microsoft ကုမ္ပဏီက UAE ဉာဏ်ရည်တုကုမ္ပဏီအတွက် ဒေါ်လာ ၁ ဘီလီယံခွဲ ရင်းနှီးမြှုပ်နှံမည်
DVB
·
April 17, 2024
Microsoft-AI_17042024

Microsoft ကုမ္ပဏီဟာ ဧပြီ ၁၆ ရက်က အာရပ်စော်ဘွားများပြည်ထောင်စု အခြေစိုက် ဉာဏ်ရည်တုကုမ္ပဏီ G42 အတွက် ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံ ရင်းနှီးမြှုပ်နှံမယ်လို့ ကြေညာပါတယ်။

အဲဒီအတွက် အမေရိကန်ကုမ္ပဏီကြီး Microsoft ဟာ G42 မှာ အစုရှယ်ယာနဲ့ ဘုတ်အဖွဲ့ဝင် နေရာတို့ကို အပြန်အလှန်ရရှိပြီး ကုမ္ပဏီနှစ်ခုကြား ကမ္ဘာလုံးဆိုင်ရာ နည်းပညာ လွှမ်းမိုးရေး တိုက်ပွဲအတွင်း ဆက်ဆံရေး ပိုမိုနက်ရှိုင်းလာစေဖို့ အခွင့်အရေး ရခဲ့ပါတယ်။

ကုမ္ပဏီနှစ်ခုဟာ အမေရိကန်နဲ့ အာရပ်စော်ဘွားများပြည်ထောင်စု UAE အစိုးရတွေဆီကနေ လုံခြုံရေးဆိုင်ရာ အာမခံချက်နဲ့ ကျောထောက်နောက်ခံ ရထားပါတယ်။ G42 ဟာ AI အက်ပ်လီကေးရှင်းတွေကို လုပ်ဆောင်ဖို့ Microsoft ရဲ့ Cloud ဝန်ဆောင်မှုတွေကို အသုံးပြုမှာပါ။ 

တရုတ် စစ်တပ်အတွက် AI ချစ်ပ်တွေ ဝယ်ဖို့ ကြိုးပမ်းမှုအတွက် အမေရိကန်က တရုတ်ကုမ္ပဏီ လေးခုကို ပို့ကုန်အမည်ပျက်စာရင်းမှာ ထည့်သွင်းခဲ့ပါတယ်။

တရုတ်ပြည်မကြီးအစိုးရရဲ့  နည်းပညာတိုးတက်မှုတွေကို ထိန်းချုပ် ကန့်သတ်ဖို့ အမေရိကန် အစိုးရက ကြိုးပမ်းအားထုတ်နေချိန်မှာ မိတ်ဖက်ပူးပေါင်းဆောင်ရွက်မှုတွေ ထွက်ပေါ်လာတာပါ။ 

UAE အပါအဝင် တရုတ်နဲ့ ပင်လယ်ကွေ့နိုင်ငံတွေကြား နက်ရှိုင်းတဲ့ ဆက်ဆံရေး တိုးလာမှာကိုလည်း အမေရိကန်က စိုးရိမ်နေပါတယ်။

တရုတ်စီးပွားရေးလုပ်ငန်းတွေနဲ့ ဆက်ဆံရေးအပေါ် အမေရိကန်က စိုးရိမ်ပူပန်နေချိန်မှာ G42 ဟာ တရုတ်နိုင်ငံထဲက သူ့ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို ဖျက်သိမ်းခဲ့ပြီး အမေရိကန်ကုမ္ပဏီတွေနဲ့ လက်တွဲဖို့ အမေရိကန်က ချမှတ်ထားတဲ့ ကန့်သတ်ချက်တွေကို လက်ခံပြီး တရုတ်ဟာ့ဒ်ဝဲတွေနဲ့ ပတ်သက်တဲ့ သူ့ခြေလှမ်းတွေကို ပြန်နုတ် နောက်ဆုတ်မယ့် တာရှည်လုပ်ငန်းစဉ်ကို စတင်ခဲ့တယ်လို့ ဖေဖော်ဝါရီလက ပြောပါတယ်။

Microsoft နဲ့ G42 တို့ဟာ ဧပြီ ၁၆ ရက်က သီးခြားထုတ်ပြန်ချက်တခုမှာ အမေရိကန်နဲ့ UAE အစိုးရတို့ဆီ AI ရဲ့ လုံခြုံစိတ်ချရတဲ့၊ ယုံကြည်ရပြီး တာဝန်ယူမှုရှိတဲ့ ဖွံ့ဖြိုးတိုးတက်မှုနဲ့  ဖြန့်ကြက်မှုတို့ကို သေချာစေရေး သူတို့ရဲ့ အာမခံချက်တွေကို ပထမဆုံး သဘောတူညီချက်အဖြစ် ဖော်ပြခဲ့ပါတယ်။

Microsoft က သူတို့မှာ စည်းနှောင်မှုရှိတယ်လို့ ဆိုပေမဲ့ Microsoft က ရယူထားတဲ့ ရှယ်ယာပမာဏကို ထုတ်ဖော်ပြောကြားခြင်း မရှိပါဘူး။

Source/Photo - Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013