Home
နိုင်ငံတကာ
အင်ဒိုနီးရှားတွင် ရူဝမ်မီးတောင်ပေါက်ကွဲမှုကြောင့် ဒေသခံများဘေးလွတ်ရာရွှေ့ပြောင်း
DVB
·
April 17, 2024
Ruang volcano erupts_17042024

အင်ဒိုနီးရှားနိုင်ငံမြောက်ပိုင်း ဆူလာဝေစီပြည်နယ်ရှိ ရူဝမ်မီးတောင်ဟာ ကောင်းကင်ကို ချော်ရည်တွေနဲ့ ပြာတွေကို ရက်အတော်ကြာ မှုတ်ထုတ်လွင့်စဉ်စေခဲ့ရာကနေ ပေါက်ကွဲမှု အများအပြား ဖြစ်လာပြီးနောက်မှာ ဒေသခံ ပြည်သူ ၈၀၀ လောက်ကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးခဲ့ရကြောင်း နိုင်ငံရဲ့ မီးတောင်အေဂျင်စီက ဧပြီ ၁၇ ရက်မှာ ပြောပါတယ်။

ဧပြီ ၁၆ ရက်မှာ လူတွေကို ကူးတို့သင်္ဘောမှ ဘေးလွတ်ရာကို ရွှေ့ပြောင်းပေးနေချိန်မှာ အဝေးမှာ လွင့်နေတဲ့ ပြာမှုန်တွေနဲ့ မီးတောင်ပေါက်ကွဲမှုကြောင့် လျှပ်စီးကြောင်းတွေ လင်းလက်နေတာကို ဗီဒီယိုရုပ်သံမှာ မြင်တွေ့ရပါတယ်။ 

ပြည်နယ်မြို့တော် မာနာဒိုမှ ကီလိုမီတာ ၁၀၀ အကွာရှိ ရူဝမ်ကျွန်းပေါ်မှာ တည်ရှိတဲ့ မီးတောင်ဟာ အင်္ဂါနေ့ကတည်းက ၃ ကြိမ်ထက်မနည်း ပေါက်ကွဲခဲ့ပါတယ်။

ကျွန်းပေါ်မှာလည်း လတ်တလောမှာ ငလျင်တွေ လှုပ်ခတ်ခဲ့တာကြောင့် မီးတောင်လှုပ်ရှားမှုတွေ တိုးလာခဲ့ပြီးနောက်မှာ သတိပေး တပ်လှန့်မှုကို ဒုတိယအမြင့်ဆုံးအဆင့် တိုးမြှင့်ထားကြောင်း အာဏာပိုင်တွေက ပြောပါတယ်။ 

လူပေါင်း ၈၀၀ လောက် နေထိုင်နေကြတဲ့ ရူဝမ်ကျွန်းကနေ အများစုကတော့ အခုအခါမှာ အနီးဆုံးဖြစ်တဲ့ တာဂူးလံဒန်းင်ကျွန်းကို ရွှေ့ပြောင်းသွားပြီဖြစ်ကြောင်း အရာရှိတဦးက ပြောပါတယ်။ 

အင်ဒိုနီးရှားနိုင်ငံဟာ ငလျင်လှုပ်ခတ်မှု မြင့်မားတဲ့ ‘ပစိဖိတ်မီးကွင်း’ ဧရိယာမှာ တည်ရှိနေတာ ဖြစ်ပါတယ်။

Source/Photo - Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013