ရောင်းအားကျပြီး၊ ဈေးနဲ့လိုက်ပြိုင်တဲ့ တရုတ် EV လျှပ်စစ်ကားတွေနဲ့ ရင်ဆိုင်နေရတဲ့ Tesla ကားကုမ္ပဏီဟာ ကမ္ဘာတဝန်းက ဝန်ထမ်းအင်အား ၁၀ ရာခိုင်နှုန်းအထိ လျှော့ချလိုက်ရတယ်လို့ ရိုက်တာသတင်းဌာနကရရှိတဲ့ ရုံးတွင်းမှတ်တမ်းတွေက ဖော်ပြတယ်။
Tesla စီအီးအို အီလွန်မက်စ်ကတော့ “ငါးနှစ်ပြည့်တိုင်း၊ တိုးတက်မှု နောက်တဆင့်အတွက် ကုမ္ပဏီကို ပြန်လည်ဖွဲ့စည်းတာ၊ ပြင်ဆင်တာ လုပ်ဖို့ လိုအပ်ပါတယ်” လို့ X လူမှုကွန်ရက်မှာ ရေးထားပါတယ်။
အကြီးတန်းခေါင်းဆောင် ၂ ဦး၊ ဘက်ထရီထုတ်လုပ်ရေး အကြီးအကဲ၊ ဒရူးဘက်ဂ်လီနို၊ ပြည်သူ့ရေးမူဝါဒ ဒုဥက္ကဋ္ဌ ရိုဟန်ပတေးတို့ဟာ ကုမ္ပဏီက ထွက်ခွာမှာ ဖြစ်ကြောင်း တရားဝင်ကြေညာပါတယ်။
အီလွန်မက်စ်ဟာ ၂၀၂၂ တုန်းကလည်း စီးပွားရေးနဲ့ပတ်သက်ပြီး “တော်တော်ဆိုးတဲ့ခံစားချက်” မျိုးရတယ်ဆိုပြီးတော့ အလုပ်သမား လျှော့ခဲ့ဖူးပါတယ်။
ဒါပေမဲ့ ၂၀၂၁ တုန်းက အလုပ်သား တစ်သိန်းလောက်ရှိရာကနေ ၂၀၂၃ နှစ်ကုန်ပိုင်းမှာ ၁၄၀,၀၀၀ အထိတိုးလာခဲ့ပါတယ်။
Source/Photo-Patrick Pleul/Pool via REUTERS