Home
မြန်မာသတင်း
မော်လမြိုင်တွင် KTV မီးလောင်
DVB
·
April 16, 2024
KTV Fire MawLaMyaing_16042024

မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ မြိုင်သာယာရပ်ကွက်မှာ ဧပြီ ၁၅ ရက်က ဝါယာရှော့ဖြစ်ပြီး KTV ကာရာအိုကေဆိုင် မီးလောင်ကျွမ်းခဲ့တယ်လို့ ဘိုဘိုဝင်းလူမှုကယ်ဆယ်ရေးအသင်းက ပြောပါတယ်။

မြိုင်သာယာရပ်ကွက် တိုးချဲ့ ၁ လမ်းမှာ မနေ့ မွန်းလွဲ ၃ နာရီလောက်က နန်းဥယျာဉ် KTV မှာ မီးစက်နိုးရာက တဆင့် KTV အခန်း ၂ ခု မီးလောင်ကျွမ်းခဲ့ပါတယ်။

ဘိုဘိုဝင်းလူမှုကယ်ဆယ်ရေးတာဝန်ရှိသူတဦးက "မီးသေသွားလို့ မီးစက်နိုးတာကတဆင့် ဝါ‌ယာရှော့ ဖြစ်ပြီး မီးလောင်သွားတာပါ။ KTV အခန်း ၂ ခုပဲ မီးလောင်သွားတာ။ လူထိခိုက်မှုမရှိခဲ့ပါဘူး" လို့ ပြောပါတယ်။

မီးလောင်ကျွမ်းမှုကို Level 1 အဆင့် သတ်မှတ်ပြီး ပျက်စီးဆုံးရှုံးမှု တန်ဖိုး ကျပ်  ၁၂ သိန်းရှိတယ်လို့ ဘိုဘိုဝင်းလူမှုကယ်ဆယ်ရေးအသင်းထံက သိရပါတယ်။

မီးလောင်မှုကို မော်လမြိုင်မြို့နယ်မီးတပ်ဖွဲ့၊ မြိုင်သာယာဈေးကျိုမီးသတ်စခန်း၊ ဘိုဘိုဝင်း လူမှုကယ်ဆယ်ရေးအသင်း၊ ရာမညအရေးပေါ်လူမှုကယ်ဆယ်ရေးအသင်း၊ တူသောအကျိုး လူမှုကယ်ဆယ်ရေးအသင်း၊ မော်လမြိုင်လူမှုကယ်ဆယ်ရေးအဖွဲ့နဲ့ ဖေးမကူညီလူမှု ကယ်ဆယ်ရေးအဖွဲ့တို့မှ  သွားရောက်ကူညီခဲ့ပါတယ်။

မော်လမြိုင်မြို့မှာ သင်္ကြန်ရက်တွေအတွင်း ကမ်းနားလမ်းတလျှောက်နဲ့ မြို့ထဲမှာ သင်္ကြန်လည်သူတွေနဲ့ စည်ကားမှုရှိပြီး KTV၊ Bar နဲ့ ဘီယာဆိုင်တွေမှာလည်း လူပြည့်ကြပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013