Home
နိုင်ငံတကာ
ကာဇက်စတန်နှင့် ရုရှားတွင် ရေလွှမ်းမိုးခဲ့ပြီး လူ ၁၂၅,၀၀၀ ကျော် နေရပ်စွန့်ခွာ
DVB
·
April 16, 2024
Russia Flood_16042024

ကမ္ဘာ့သတ္တမအရှည်ဆုံး မြစ်ကြီးဖြစ်တဲ့ သည်အော့ဘ်မြစ်ရဲ့ မြစ်လက်တက်တွေ အရည်ပျော်ကျခဲ့တာကြောင့် ကာဇက်စတန်နိုင်ငံ မြောက်ပိုင်းနဲ့ ရုရှားနိုင်ငံ ယူရယ်လ်ဒေသရှိ မြေဧရိယာကျယ်ကြီးတွေမှာ တနင်္လာနေ့က ရေလွှမ်းမိုးခဲ့ပြီး လူပေါင်း ၁၂၅,၀၀၀ ကျော်ဟာ သူတို့ရဲ့ နေအိမ်တွေကို စွန့်ခွာထွက်ပြေးခဲ့ရပါတယ်။

မိုးသည်းထန်စွာ ရွာသွန်းပြီး ဆောင်းရာသီ မတိုင်ခင် လယ်မြေတွေ ရေနစ်မြုပ်နေတဲ့ကြားမှာပဲ အလွန်ကြီးမားတဲ့ နှင်းထုတွေဟာ မြန်မြန်ဆန်ဆန်ပဲ အရည်ပျော်ကျသွားပြီးနောက်မှာ ရုရှားနိုင်ငံ တောင်ပိုင်း ယူရယ်လ်ဒေသနဲ့ ကာဇက်စတန် မြောက်ပိုင်းတို့မှာ အဆိုးရွားဆုံး ရေလွှမ်းမိုးမှုတွေနဲ့ ရင်ဆိုင်နေကြရတာပါ။

သည်အော့ဘ် မြစ်ရဲ့ မြစ်လက်တက်တွေဟာ ဆိုက်ဘေးရီးယားတောင်ပိုင်း အလ်တိုင်း တောင်တွေထဲကနေ ရေမြင့်တက်လာပြီး အာတိတ်သမုဒ္ဒရာထဲကို စီးဝင်ကျဆင်းသွားတာ ဖြစ်ပေမယ့် ဒီတကြိမ်မှာတော့ သာမန်ထက် ကျော်လွန်သွားတဲ့ ပွိုင့်အမှတ် မတိုင်ခင်မှာပဲ ‌ရေတွေ မြင့်မောက်လျှံတက်ကာ ရုရှားနဲ့ ကာဇက်စတန်ရှိ တချို့မြို့တွေကို ရေတွေ ဖုံးလွှမ်းသွားခဲ့ပါတယ်။

မြောက်ပိုင်း ကာဇက်မြို့ ပေထရိုပါ့ဗ်လို့ဗ်စ်ခ် (Petropavlovsk) ရဲ့ ခရိုင်အများအပြား ရေနစ်မြုပ်သွားကြောင်း ရိုက်တာစ်သတင်းထောက်တဦးက ပြောကြားခဲ့ပါတယ်။

ပေထရိုပါ့ဗ်လို့ဗ်စ်ခ် မြို့ကဗဟိုချက်ကျနေတဲ့ မြောက်ကာဇက်စတန်ဒေသမှာ အိမ်ခြေ ၁,၀၀၀ နီးပါး ရေမြုပ်ခဲ့ပြီး လူပေါင်း ၅,၀၀၀ ကျော်ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းခဲ့ရကြောင်း ဒေသဆိုင်ရာ တာဝန်ရှိသူတွေက ပြောကြားခဲ့ပါတယ်။

မြို့တွင်း လျှပ်စစ်မီးနဲ့ ရေပေးဝေမှု ပြတ်တောက်မှုတွေလည်း ဖြစ်ပေါ်ခဲ့ပါတယ်။

Source/Photo-REUTERS/Stringer - RC2E47AHISDM

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013