Home
နိုင်ငံတကာ
ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင်၌ မိုးသက်လေပြင်းကျပြီး နေအိမ်အဆောက်အဦများ ပျက်စီး 
DVB
·
April 15, 2024
Thai Windy 1_15042024
Thai Windy 2_15042024
Thai Windy 3_15042024
Thai Windy 4_15042024

ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင်မှာ ဧပြီ ၁၄ ရက်က မိုးသက်လေပြင်းကျရောက်တဲ့အတွက် အိမ်ခြေအတော်များ ပျက်စီးပြီး ဓာတ်မီးတိုင် ၁၀ တိုင်ထက်မနည်း ပြိုလဲခဲ့တယ်လို့  Siamrath ထိုင်းသတင်းမှာ ဖော်ပြပါတယ်။

တာ့ခ်မြို့နယ်ထဲမှာဆိုရင် ဘန့်တာ့ခ်အုပ်စု ရပ်ကွက် ၁ ၊  ၂ ၊ ၃ , ၄ နဲ့ ဆမော်ခွန်းအုပ်စု ရပ်ကွက် ၆ ထဲကနေအိမ်ခေါင်မိုးတွေပျက်စီးသွားပြီး အပျက်အစီးစာရင်းတွေ စစ်ဆေးကောက်ခံနေတယ်လို့ တာ့ခ်ခရိုင် သဘာဝဘေးအန္တရာယ်ကာကွယ်ရေးနဲ့ ကူညီရေးဌာနက ပြောပါတယ်။ 

ဒါ့အပြင် ဆာမ်ငေါင်းမြို့နယ် ယုဒ်ကဘတ်အုပ်စု ရပ်ကွက် ၈ ၊ ၉ ၊ ၁၀ ထဲကနေအိမ်တွေ၊ မယ်လမတ်မြို့နယ် မယ့်ကျလောအုပ်စုနဲ့ ထုန့်လုန်အုပ်စုထဲက လမ်းဘေးဓာတ်မီးတိုင် ၁၁ တိုင်လဲကျပြီး နေအိမ်အချို့ ခေါင်မိုးတွေ ပျက်စီးသွားပါတယ်။ 

ဖုပ်ဖရမြို့နယ် ဆီရီရာ့စ်ဒွန်းအုပ်စု ရပ်ကွက် (၁) ထဲက နေအိမ် ၃ အိမ်ပျက်စီးပြီး အဆိုပါ ၄ မြို့ထဲမှာ အိမ်တွေပျက်စီးတဲ့အပြင် သစ်ပင်ကြီးတွေ လဲပြိုတာတွေရှိခဲ့ကာ အားလုံးအပျက်အစီး စာရင်းတွေကတော့ ကောက်ခံနေဆဲပဲလို့ ထိုင်းသတင်းမှာ ဖော်ပြပါတယ်။ 

Source: Siamrath

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013