Home
နိုင်ငံတကာ
စမတ်ဖုန်းဈေးကွက် နံပါတ် ၁ နေရာကို ဆမ်ဆောင်း ရယူ
DVB
·
April 15, 2024
Samsung_15042024

အန်းဒရွိုက်စမတ်ဖုန်း ထုတ်လုပ်တဲ့ ကုမ္ပဏီတွေရဲ့ ပြင်းထန်တဲ့ ပြိုင်ဆိုင်မှုနဲ့အတူ ၂၀၂၄ ခုနှစ် ပထမသုံးလပတ်မှာ Apple ရဲ့ စမတ်ဖုန်း ဖြန့်ဖြူးတင်ပို့မှုဟာ ရာခိုင်နှုန်းကျသွားပြီး နံပါတ် ၁ နေရာကို ဆမ်ဆောင်းက လက်လွှဲယူနိုင်ခဲ့တယ်လို့ ရိုက်တာသတင်းက ဖော်ပြပါတယ်။

အချက်အလက် သုတေသနကုမ္ပဏီ IDC ကနေ ထုတ်ပြန်တဲ့ အချက်အလက်တွေအရ ဇန်နဝါရီလကနေ မတ်လအတွင်းမှာ ကမ္ဘာ့စမတ်ဖုန်းဖြန့်ဖြူးတင်ပို့မှုဟာ ၇ ဒသမ ၈ ရာခိုင်နှုန်း တိုးလာပြီး အလုံးရေ ၂၈၉ ဒသမ ၄ သန်းအထိ ရှိလာပါတယ်။

ဆမ်ဆောင်းက ဈေးကွက်ဝေစုရဲ့ ၂၀ ဒသမ ၈ ရာခိုင်နှုန်းအထိ ရရှိခဲ့ပြီး နံပါတ်တစ်နေရာ ရောက်လာတာ ဖြစ်ပါတယ်။

ဒီဇင်ဘာမှာဆုံးတဲ့ ၂၀၂၃ နောက်ဆုံးသုံးလပတ်မှာ Apple က ရောင်းအားကောင်းခဲ့ပြီး နံပါတ်တစ်နေရာကို ဆမ်ဆောင်းဆီက လွှဲယူနိုင်ခဲ့တာပါ။

အဲဒီကာလက အိုင်ဖုန်းအသစ်ထွက်တဲ့ ရာသီကြောင့် ဖြစ်သလို အခုလည်း ဆမ်ဆောင်းရဲ့ S24 ဖြန့်တဲ့ရာသီ ဖြစ်တာကြောင့် ဆမ်ဆောင်းက ပြန်သာတာ ဖြစ်ပါတယ်။

နံပါတ် ၃ နေရာမှာ တရုတ်ကုမ္ပဏီ ရှောင်းမီ ရှိနေပြီး ဈေးကွက်ဝေစု ၁၄ ဒသမ ၁ ရာခိုင်နှုန်း ရထားပါတယ်။

Source/Photo-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013