Home
နိုင်ငံတကာ
အာရှဈေးကွက်၌ ရေနံဈေးနှုန်း ပြန်ကျ
DVB
·
April 15, 2024
OilPrices_15042024

အီရန်ရဲ့ တိုက်ခိုက်မှုကို အစ္စရေးက တွန်းလှန်နိုင်ခဲ့အပြီး အာရှဈေးကွက်မှာ ဧပြီ ၁၅ ရက် အစောပိုင်း ရေနံဈေး ပြန်ကျသွားပါတယ်။

ကမ္ဘာ့ရေနံဈေးကွက်ရဲ့ စံမှတ်ကျောက်ဖြစ်တဲ့ ဘရန့်ရေနံစိမ်းဈေးဟာ တနင်္လာနေ့ အစောပိုင်းမှာ တစည်ကို ဒေါ်လာ ၉၀ အောက် ပြန်ရောက်သွားတာ ဖြစ်ပါတယ်။

စနေနေ့ညပိုင်း အီရန်တိုက်ခိုက်မှုမတိုင်မီအထိ ဘယ်လိုဖြစ်လာမယ်မှန်း မသိတာကြောင့် ရေနံဈေးက ပြီးခဲ့တဲ့နှစ် အောက်တိုဘာလနောက်ပိုင်း အမြင့်ဆုံးအဖြစ် တစည်ကို ၉၂ ဒေါ်လာကျော် ဖြစ်သွားပါတယ်။

ဒါပေမဲ့ အီရန်ရဲ့ ဒရုန်းနဲ့ ဒုံးကျည် ၃၀၀ ဝန်းကျင်မှာ အားလုံးနီးပါးကို အစ္စရေးက ကာကွယ်နိုင်ခဲ့အပြီးမှာတော့ ဈေးကွက်က ပြန်ငြိမ်သွားတာဖြစ်ပါတယ်။

ဒါပေမဲ့ ပွဲမပြီးသေးဘူးလို့ အစ္စရေးကာကွယ်ရေးဝန်ကြီး ယိုအက်ဗ်ဂဲလန့်က ပြောထားပါတယ်။

ဈေးကွက်သုံးသပ်သူတွေကတော့ အစ္စရေးက ဘယ်လို ပြန်တုံံ့ပြန်မလဲ ဆိုတဲ့အပေါ် မူတည်ပြီး ရေနံဈေး အတက်၊ အကျကို စောင့်ကြည့်ရမယ်လို့ ဆိုပါတယ်။

အိုမန်နဲ့ အီရန်ကြားက ဟောမုဇ်ရေလက်ကြား သွားလာမှု အခက်အခဲဖြစ်၊ မဖြစ်က အဓိကအကျဆုံး ဖြစ်လာမယ်လို့ လေ့လာသူတွေက သုံးသပ်ပါတယ်။

ကမ္ဘာ့ရေနံတင်ပို့မှုရဲ့ ၂၀ ရာခိုင်နှုန်း ဖြတ်သန်းတဲ့ ဒီရေလက်ကြားမှာသာ အသွားအလာ ထိခိုက်လာရင် စျေးထိုးတက်နိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။

Source/Photo-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013