Home
နိုင်ငံတကာ
ဒေါ်နယ်ထရမ့်ပ်က အပြာမင်းသမီးကို နှုတ်ပိတ်ခပေးသည့်အမှု ကြားနာမည်
DVB
·
April 15, 2024
Ahead of hush money trial, a look at Trump's legal troubles

အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်ပ်က အပြာရုပ်ရှင်မင်းသမီးဟောင်း စတုန်မီ ဒန်နီယယ်ကို နှုတ်ပိတ်ခငွေ ပေးခဲ့တယ်လို့ စွပ်စွဲခံထားရတဲ့အမှုကို ဧပြီ ၁၅ ရက်မှာ နယူးယောက်တရားရုံးတရုံးမှာ စတင်ကြားနာမှာ ဖြစ်ပါတယ်။

ထရမ့်ပ်ဟာ သမိုင်းမှာ ပြစ်မှုကြောင်းအရ တရားစွဲဆိုခံရတဲ့ ပထမဆုံး အမေရိကန်သမ္မတဟောင်း ဖြစ်လာပါတယ်။

၂၀၁၆ ရွေးကောက်ပွဲမတိုင်မီ အပြာမင်းသမီးနဲ့ ထရမ့်ပ်နဲ့ ပတ်သက်ခဲ့တဲ့ကိစ္စတွေ ထုတ်ပြောမှာစိုးလို့ နှုတ်ပိတ်ခ ပေးခဲ့တယ်လို့ စွပ်စွဲခံထားရတာ ဖြစ်ပါတယ်။

နှုတ်ပိတ်ခလို့ အလွယ်ပြောပေမဲ့ ဖွင့်ဟထုတ်ဖော်ခြင်းမပြုကြောင်း သဘောတူတယ်ဆိုတဲ့ စာချုပ်မျိုးဟာ ပုံမှန်အားဖြင့်တော့ အမေရိကန်မှာ တရားဝင်တဲ့ကိစ္စ ဖြစ်ပါတယ်။

ဒါပေမဲ့ ပြဿနာက သူ့ရှေ့နေက အဲဒီပိုက်ဆံကို ဒန်နီယယ်ကို ထုတ်ပေးခဲ့တာဖြစ်ပြီး ထရမ့်ပ်က သူ့ရှေ့နေကို တရားစရိတ်အဖြစ် ပြန်ထုတ်ပေးခဲ့တာကြောင့်  ရာဇဝတ်မှုမြောက်တာ ဖြစ်တယ်လို့ မန်ဟက်တန်ခရိုင် ရှေ့နေရုံးက စွပ်စွဲထားတာ ဖြစ်ပါတယ်။

နှုတ်ပိတ်ခပေးတာကို သူ့မှတ်တမ်းမှာ မကျန်ချင်တာကြောင့် တဖက်လှည့်နဲ့ လုပ်ဆောင်တဲ့သဘော ဖြစ်ပါတယ်။

အသက် ၇၇ နှစ်ရှိပြီဖြစ်တဲ့ ထရမ့်ပ်ဟာ ပြစ်မှုထင်ရှားရင် ထောင်ဒဏ် ၄ နှစ်အထိ ကျခံရနိုင်ပေမဲ့ ဒဏ်ကြေးနဲ့ပြီးဖို့လည်း ဖြစ်နိုင်ခြေများပါတယ်။

ထရမ့်ပ်ကိုယ်တိုင်ကတော့ အပြစ်မရှိကြောင်း လျှောက်လဲဖို့ ပြင်ဆင်ထားပါတယ်။

Source/Photo-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013