မန်ယူတိုက်စစ်မှူး ရက်ရှ်ဖို့ဒ်ဟာ လာမယ့်ရာသီမှာ အသင်းပြောင်းဖို့မရှိဘဲ အသင်းမှာပဲ ဆက်ရှိတော့မယ်လို့ သိရပါတယ်။
အင်္ဂလန်တိုက်စစ်မှူးကို ပြီးခဲ့တဲ့ ဇန်နဝါရီ အပြောင်းအရွှေ့ကာလက ပီအက်စ်ဂျီအသင်းက ခေါ်ယူဖို့ စိတ်ဝင်စားခဲ့ဖူးပါတယ်။
ဒါပေမဲ့ လက်ရှိအချိန်မှာ ခြေစွမ်းပြသနိုင်ခြင်း မရှိတော့တဲ့ ရက်ရှ်ဖို့ဒ်ရဲ့ အခြေအနေကြောင့် ခေါ်ယူဖို့ ကြိုးပမ်းတော့မှာမဟုတ်ကြောင်း The Sun သတင်းမှာ ဖော်ပြပါတယ်။
တခြားသတင်းတွေမှာတော့ ပီအက်စ်ဂျီအသင်းဟာ ရက်ရှ်ဖို့ဒ်ကိုခေါ်ယူဖို့ ဘယ်တုန်းကမှ ကြိုးပမ်းခြင်း မရှိဘူးကြောင်း ဖော်ပြကြပါတယ်။
အသက် ၂၆ နှစ်ရှိ ရက်ရှ်ဖို့ဒ်ဟာ မနှစ်ကရာသီက ပြိုင်ပွဲစုံ ၅၆ ပွဲမှာ သွင်းဂိုး ၃၀ အထိ ရရှိခဲ့ပေမဲ့ အခုနှစ်ရာသီ ၃၉ ပွဲ ကစားအပြီးမှာ ၈ ဂိုးသာ သွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
Photo-Reuters