Home
အားကစား
ချန်ပီယံဆုအတွက် ဆက်လက်တိုက်ပွဲဝင်မည်ဟု လီဗာပူးနောက်ခံလူ ရော်ဘတ်ဆန် ပြော
DVB
·
April 15, 2024
Liverpool_CrystalPalace_15042024

လီဗာပူးအသင်းအနေနဲ့ ပရီးမီးယားလိဂ် ချန်ပီယံဆုအတွက် ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ နောက်ခံလူ ရော်ဘတ်ဆန်က ပြောသွားပါတယ်။

လီဗာပူးအသင်းဟာ မနေ့ညက ကစားခဲ့တဲ့ ခရစ္စတယ်ပဲလေ့နဲ့ ပွဲစဉ်မှာ တဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့ပြီး အဆင့် ၃ နေရာ ရောက်ရှိသွားတာပါ။

လက်ကျန် ၆ ပွဲအလိုမှာ ဒုတိယနေရာက အာဆင်နယ်နဲ့ ရမှတ်တူ၊ အဆင့်တစ်က မန်စီးတီးနဲ့ ၂ မှတ်ကွာဟနေပေမဲ့ ချန်ပီယံပြေးလမ်းပေါ်မှာ ဆက်ရှိနေဆဲဖြစ်ပြီး ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ ရော်ဘတ်ဆန်က ပြောပါတယ်။

ပြိုင်ဘက်နှစ်သင်းက ကမ္ဘာ့အဆင့်အသင်းတွေ ဖြစ်နေတာကတော့ ခက်ခဲတဲ့အခြေအနေ ဖြစ်ကြောင်း ရော်ဘတ်ဆန်က ပြောပါတယ်။

လီဗာပူးအသင်းဟာ ယူရိုပါလိဂ်ပြိုင်ပွဲမှာလည်း အတ္တလန္တာအသင်းကို အိမ်ကွင်းမှာ ၃ ဂိုး ဂိုးမရှိရလဒ်နဲ့ ရှုံးနိမ့်ခဲ့ပြီး ဆီမီးဖိုင်နယ်တက်ရောက်ဖို့ အခွင့်အရေးနည်းသွားပြီ ဖြစ်ပါတယ်။

Photo-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013