ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ ဆုန်ကရန် (သင်္ကြန်) ပွဲတော်ကို ဧပြီ ၁၃ ရက်က စည်ကားသိုက်မြိုက်စွာ ကျင်းပနေရာမှာ ထိုင်းရောက် မြန်မာတွေကလည်း ရိုးရာသင်္ကြန်အကတွေနဲ့ ပါဝင်ဆင်နွှဲနေတာကိုလည်း တွေ့မြင်ရပါတယ်။
‘ဆုန်ကရန်း’ ပွဲတော်ကို ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနဲ့ ယဉ်ကျေးမှုအဖွဲ့ (UNESCO)က ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်တခုအဖြစ် အသိအမှတ်ပြုခံရပြီးတဲ့နောက် ဂုဏ်ယူဝမ်းမြောက်ခြင်း အထိမ်းအမှတ်အနေနဲ့ ဒီ ၂၀၂၄ ခုနှစ်ရဲ့ သင်္ကြန်ပွဲတော်ကို ဧပြီ ၁၂ ရက်ကစလို့ ၁၇ ရက်အထိ တနိုင်ငံလုံးမှာ စည်ကားသိုက်မြိုက်စွာ ကျင်းပနေပါတယ်။
Photo- - ဇွဲသစ်/ဝေဝေ