Home
နိုင်ငံတကာ
မငြိမ်မသက်ဖြစ်နေသည့်ဒေသများကို လေကြောင်းတိုက်ခိုက်မှု မလုပ်ခဲ့ဟု  အင်ဒိုနီးရှားငြင်း
DVB
·
April 13, 2024
indo 1342024

အင်ဒိုနီးရှားစစ်တပ်ဟာ ဧပြီ ၁၃ ရက်က နိုင်ငံရဲ့ ဝေးလံခေါင်သီပြီး မငြိမ်မသက်ဖြစ်နေတဲ့ ဒေသ တွေမှာ လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့ကြောင်းကို ငြင်းဆိုခဲ့ပြီး အဲဒီအရင် တရက် တုန်းက ထုတ်ပြန်ခဲ့တဲ့ ဗီဒီယိုဖိုင်ထဲမှာ ပါပူဝါသူပုန်တွေ ပြန်ပေးဆွဲခံထားရတဲ့ နယူးဇီလန် လေယာဉ်မှူးက အင်ဒိုနီးရှားစစ်တပ်ရဲ့ လုပ်ဆောင်ချက်တွေက သူ့နေရာကို မလုံခြုံစေဘူးလို့ ပြောဆိုထားပါတယ်။  

ရိုက်တာကတော့ ဗီဒီယိုရဲ့ စစ်မှန်ကြောင်း သို့မဟုတ် ဗီဒီယိုကို ဘယ်အချိန်က ရိုက်ယူခဲ့တယ် ဆိုတာကို သီးခြား အတည်မပြုနိုင်ပါဘူး။

သူပုန်တွေက စစ်တပ်ဟာ အရပ်ဘက်ဒေသတွေကို ဗုံးကြဲချခဲ့တယ်လို့ စွပ်စွဲခဲ့ပြီးနောက် အင်ဒိုနီးရှား စစ်တပ်ကလည်း သူပုန်အဖွဲ့ဟာ “အလိမ်အညာသတင်းတွေကို အမြဲလွှင့်နေတယ်” လို့ ပြောပါတယ်။ 

နယူးဇီလန် လေယာဉ်မှူးကို အင်ဒိုနီးရှားစစ်တပ်က ကယ်တင်ဖို့ ကြိုးစားနေတုန်းပဲလို့ အာဏာပိုင် တွေက ပြောပါတယ်။ 

နယူးဇီလန် နိုင်ငံခြားရေးနှင့် ကုန်သွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူကလည်း နယးဇီလန် အစိုးရဟာ အင်ဒိုနီးရှားအာဏာပိုင်တွေနဲ့ အနီးကပ် လုပ်ဆောင်နေခြင်း အပါအဝင် ငြိမ်းချမ်းတဲ့ ဖြေရှင်းမှုနဲ့ လေယာဉ်မှူး မာတန်စ်ရဲ့ ဘေးကင်းလွတ်မြောက်မှု ရရှိစေဖို့ အတတ်နိုင်ဆုံး လုပ်ဆောင်နေကြောင်း ပြောကြားခဲ့ပါတယ်။ 

၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၇ ရက်က ဝေးလံခေါင်သီပြီး တောင်ထူထပ်တဲ့ နူးဂါးမှာ စီးပွားရေး လေယာဉ်ငယ်တစ်စီး ဆင်းသက်ပြီးနောက်မှာ နယူးဇီလန် လေယာဉ်မှူး ဖိလစ် မာတန်စ် ကို အနောက်ပါပူဝါ အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TPNPB) ရဲ့ လက်နက်ကိုင်အဖွဲ့ခွဲ တဖွဲ့ က ပြန်ပေးဆွဲ ဖမ်းဆီးထားတာ ဖြစ်ပါတယ်။ 

Source/Photo - Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013