Home
မြန်မာသတင်း
မန္တလေးနှင့် မုံရွာက ဝန်ထမ်းများ ရေကစားရန် စစ်ကောင်စီက ဖိအားပေး
DVB
·
April 13, 2024
lin 2032024

မန္တလေးမြို့နဲ့ မုံရွာမြို့က စစ်ကောင်စီဩဇာခံ ဌာနဆိုင်ရာ ဝန်ထမ်းတွေအားလုံးကို သင်္ကြန်မှာ ရေကစားဖို့ စစ်ကောင်စီက ရေကစားဖို့  ဖိအားပေးခြိမ်းခြောက်နေတယ်လို့ ဝန်ထမ်း အသိုင်းဝန်းဆီကနေ သိရပါတယ်။

မန္တ‌လေးသင်္ကြန်မှာ လှည့်လည်အလှပြဖို့ မန္တလေးမြို့၊ ချမ်းမြသာစည်အရှေ့ပိုင်း၊ စည်ပင်ရုံး မော်တော်ယာဉ်ဌာနက မန္တလာဂျစ်တွေ တိုယိုတာစလွန်းတွေကို အလှဆင်ထားတယ်လို့လည်း စည်ပင်ဝန်ထမ်းတယောက်က ပြောပါတယ်

“အရင်ကတော့ တခြား ပညာရေး၊ ကျန်မာရေး၊ ထွေအုပ်ဝန်ထမ်းတွေ သင်္ကြန်လည်ဖို့ လုပ်တာ။ အဲဒီဝန်ထမ်းတွေက အလှဆင်ယာဉ်တွေနဲ့ သင်္ကြန်မလည်ချင်ကြတော့ ကျမတို့ စည်ပင်အောက်ခြေ ဝန်ထမ်းတွေကို ဖိအားပေးခေါ်ယူနေတယ်ဗျ။ မလိုက်တဲ့ ဝန်ထမ်းမှန်သမျှ အလုပ်ထုတ်မယ် လို့လည်းပြောတယ်” လို့ ပြောပါတယ်။

မုံရွာမြို့မှာလည်း သင်္ကြန်ကစားဖို့နဲ့ ရေကစားမဏ္ဍပ်မှာစောင့်ဖို့ ဌာနဆိုင်ရာဝန်ထမ်းတွေကို စစ်ကောင်စီတပ်က ဖိအားပေးခိုင်းစေထားတယ်လို့ ဝန်ထမ်းတွေဆီက သိရပါတယ်။

ဝန်ထမ်းတယောက်က “မလိုက်ရင်အလုပ်ဖြုတ်မယ်။ အာဏာဖီဆန်မှုနဲ့ ဖမ်းဆီးမယ်လို့ပြောပြီး အတင်းခိုင်းစေတာဗျ။ ဌာနတခုကို ဝန်ထမ်း ဘယ်နှစ်ဦးလိုက်ရမယ်ဆိုတာမျိုး မဟုတ်ဘူး။ ဌာနက လူကြီးတွေကိုပါ သင်္ကြန်မဏ္ဍပ်ကို လာခိုင်းတယ်။ ဝင်ခွင့်ကတ်တွေလည်း ပေးတယ်။ ရေကစားခိုင်းတာလည်း တရက်မဟုတ်ဘူး။ ၄ ရက်လုံး ကစားရမယ်တဲ့။ ဝင်ခွင့်ကတ် ၅ ခု ပေးထားတယ်။ တရက်ကို တရောင်နှုန်းပေါ့။ မသွားချင်လည်းသွားရဦးမယ်” လို့ ပြောပါတယ်။

စစ်ကိုင်းတိုင်းမှာ သင်္ကြန်မဏ္ဍပ်တွေကို ဝင်းယူနတီဟော်တယ်အနီး  ကန်သာယာမှာ ပြုလုပ်ထားပြီး စစ်သားနဲ့ ရဲတွေက စစ်ဆေးပြီးမှ ဝင်ခွင့်ပြုပြီး သွားလာလို့ ရကြောင်း သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024