Home
နိုင်ငံတကာ
အီကွေဒေါဒုသမ္မတဟောင်း ထောင်ထဲတွင် ဆက်ရှိမည်
DVB
·
April 13, 2024

အီကွေဒေါနိုင်ငံရှိ မက္ကဆီကိုသံရုံးထဲမှာ ခိုလှုံနေတဲ့ ဒုသမ္မတဟောင်း ယော်ရ်ဂဲ ဂလပ်စ်ကို ပြီးခဲ့တဲ့ အပတ်က ဖမ်းဆီးခဲ့တာဟာ တရားမဝင်ဘူးလို့ အက်ကွေဒေါတရားရုံးက ဧပြီ ၁၂ ရက်က စီရင်ချက် ချခဲ့ပေမယ့် ဂလပ်စ်ဟာ သူ့အရင် စွဲချက်ပြစ်ဒဏ်တွေကြောင့် ထောင်ထဲမှာပဲ ဆက်ရှိ နေရဦး မယ်လို့ ပြောပါတယ်။ 

ဂလပ်စ်ရဲ့ ရှေ့နေအဖွဲ့ကတော့ အယူခံဝင်မယ်လို့ ဆုံးဖြတ်ထားကြောင်း ပြောပါတယ်။

ဂလက်စ်ဟာ အကျင့်ပျက်ခြစားမှုနဲ့ ၂ ကြိမ် ပြစ်ဒဏ်ချမှတ်ခံခဲ့ရပြီး အခုလည်း စွဲချက်အသစ် တွေကို ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။ 

“တရားရုံးဟာ ဂလပ်စ်ရဲ့ မတရားသဖြင့် ဖမ်းဆီးခံရမှုဟာ ဥပဒေမဲ့ ဖြစ်ပြီး တရားမဝင်ကြောင်း ကြေညာလိုက်ပြီးရင်လည်း ဟေးဘီးယပ်စ် ကောရ်ပတ်စ် ဆိုတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပါ အခြေခံအခွင့်အရေးကို ခံစားခွင့် ပြုဖို့ သူ့ကို လွှတ်ပေးသင့်တယ် လို့  ဒုသမ္မတဟောင်း ဂလပ်စ်ရဲ့ ဥပဒေအဖွဲ့က ပြောပါတယ်။ ဒါပေမယ့် ကံမကောင်းစွာနဲ့ပဲ သူ့မှာ ကျခံရဖို့ရှိနေတဲ့ ပြစ်ဒဏ်တွေကြောင့် သူ့ကိုလွှတ်ပေးမှာ မဟုတ်ဘူး” လို့ ဒုသမ္မတဟောင်း ဂလပ်စ်ရဲ့ ဥပဒေအဖွဲ့မှ အဖွဲ့ဝင် မာဆဲလ် အိုရဲလ်ယာနာက  ပြောပါတယ်။ 

အီကွေဒေါအစိုးရဟာ သူ့လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို သံရုံးထဲဝင်ရောက်ခွင့် ပြုလိုက်ခြင်းအားဖြင့် သူ့ရဲ့လူ့အခွင့်အရေးနဲ့ နိုင်ငံတကာဥပဒေကို ချိုးဖောက်ခဲ့ကြောင်းလည်း ထပ်လောင်း ပြောကြားခဲ့ပါတယ်။ 

ဒုသမ္မတဟောင်း ဂလပ်စ်က သူအဖမ်းခံရချိန်မှာ ရဲတွေက သူ့ကို ရိုက်နှက်ခဲ့တယ်လို့ စွပ်စွဲခဲ့ပြီး ရဲတွေကလည်း ဒုသမ္မတဟောင်းက ခုခံတာကြောင့် အင်အားကို တဖြည်းဖြည်း အသုံးပြုခဲ့ ရတယ်လို့ ပြောပါတယ်။ 

အစိုးရက ဂလပ်စ်ဟာ ထွက်ပြေးဖို့ စီစဉ်နေတယ်လို့ ပြောကြားထားပေမယ့် အသေးစိတ်ကိုတော့ မပြောသေးပါဘူး။ 

အက်ကွေဒေါကလည်း ဂလက်စ်ကို ခိုလှုံခွင့်ပေးဖို့ မက္ကဆီကိုရဲ့ ဆုံးဖြတ်ချက်ဟာ ရာဇ၀တ်မှု စွဲချက်တွေနဲ့ ရင်ဆိုင်ရသူတွေကို ခိုလှုံခွင့် တားမြစ်ထားတဲ့ နိုင်ငံတကာဥပဒေကို ချိုးဖောက်တာ ဖြစ်ကြောင်း စောဒကတက်ခဲ့ပါတယ်။ 

မက္ကဆီကိုကလည်း သံရုံး တိုက်ခိုက်ခံရမှုအတွက် တောင်းပန်ခြင်းမရှိရင် အီကွေဒေါကို ဆိုင်းငံ့ထားဖို့ ကုလသမဂ္ဂကို တောင်းဆိုထားပါတယ်။ 

Source/Photo - Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013