အီရန်က အစ္စရေးကို အနှေးနဲ့ အမြန်တိုက်ခိုက်လာမယ်လို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ယူဆ ထားပြီး မတိုက်ခိုက်ဖို့ အီရန်ကို သတိပေးလိုက်ပါတယ်။
အီရန်ကို ဘာပြောချင်သလဲဆိုတဲ့ သတင်းထောက်တွေရဲ့ မေးခွန်းကို ဘိုင်ဒင်က “မလုပ်နဲ့ (Don’t)” ဆိုပြီး တခွန်းတည်း ပြန်ဖြေသွားခဲ့ပါတယ်။
“အစ္စရေးကို ကာကွယ်ဖို့ ရည်ရွယ်ထားပါတယ်။ အစ္စရေးကို ထောက်ခံသွားမှာပါ။ အစ္စရေးကို ကာကွယ်ဖို့ ကူညီသွားမှာဖြစ်တဲ့အတွက် အီရန်အနေနဲ့ အောင်မြင်မှာမဟုတ်ဘူး” လို့ လည်း ဘိုင်ဒင်က ပြောပါတယ်။
ဆီးရီးယားမြို့တော် ဒမ္မစကတ်မှာရှိတဲ့ အီရန်သံရုံးဝင်းထဲက ကောင်စစ်ဝန်ရုံးအဆောက်အအုံကို တိုက်ခိုက်မှုဟာ အစ္စရေးလက်ချက်လို့ အများက လက်ခံထားကြပါတယ်။
အီရန်တော်လှန်ရေးအစောင့်တပ်ရဲ့ အထူးစစ်ဆင်ရေးနဲ့ စစ်ထောက်လှမ်းရေးတာဝန်တွေ လုပ်ဆောင်ရတဲ့ ကာ့ဒ်စ်တပ်ဖွဲ့က ထိပ်တန်းတပ်မှူးတစ်ယောက်အပါအဝင် အရာရအကြီးတန်း တပ်မှူး တဦးအပါအဝင် အရာရှိခြောက်ဦးသေဆုံးခဲ့တဲ့ တိုက်ခိုက်မှုအတွက် အီရန်ဘက်က လက်တုံံ့ပြန်မယ်လို့ မျှော်လင့်ထားကြပါတယ်။
အီရန်ဘာသာရေးခေါင်းဆောင်ကြီး အယာတိုလာခါမေနီက အစ္စရေးကို အပြစ်ပေးရမှာဖြစ်ပြီး အလားတူစစ်ဆင်ရေးနဲ့ တုံ့ပြန်ရမယ်လို့ ကြေညာထားပါတယ်။
Source/Photo - Reuters