Home
အားကစား
ဝါဒါဘရီမင်ကိုနိုင်ပွဲရပါက လီဗာကူဆင်အသင်း ပထမဆုံးအကြိမ်ချန်ပီယံဖြစ်မည်
DVB
·
April 13, 2024

လီဗာကူဆင်အသင်းဟာ ဂျာမန်ဘွန်ဒက်စ်လီဂါပွဲစဉ် ၂၉ မှာ ဝါဒါဘရီမင်ကို အနိုင်ရမယ်ဆိုရင်  ပထမဆုံးအကြိမ် ဂျာမန်လိဂ်ချန်ပီယံအဖြစ် အောင်ပွဲခံနိုင်တော့မှာပါ။ 

လီဗာကူဆင်အသင်းဟာ ပွဲစဉ် ၂၈ အပြီးမှာ ဒုတိယနေရာက ဘိုင်ယန်မြူးနစ်အသင်းကို ၁၆ မှတ်အထိ ဖြတ်ထားပြီး လက်ကျန် ၆ ပွဲအလိုမှာ ချန်ပီယံဖြစ်ဖို့ လက်တကမ်းအကွာကို ရောက်ရှိလာတာပါ။ 

ဒီတပတ်စနေနေ့မှာ လီဗာကူဆင်က ဝါဒါဘရီမင်ကို အိမ်ကွင်းမှာ လက်ခံကစားသွားရမှာဖြစ်ပြီး အနိုင်ရမယ်ဆိုရင် လက်ကျန် ၅ ပွဲအလိုမှာပဲ ချန်ပီယံဆုဖလားဆွတ်ခူးနိုင်မှာပါ။ 

နည်းပြအလွန်ဆို အတွက်လည်း နည်းပြဘဝသက် တမ်းတလျှောက် ပထမဆုံးအကြိမ် အမှတ်ပေး ဆုဖလားဆွတ်ခူးရရှိမှာဖြစ်ပါတယ်။ 

လီဗာကူဆင်အသင်းဟာ အခုနှစ်ရာသီမှာ ရှုံးပွဲလုံးဝ မရှိသေးတဲ့ အသင်းဖြစ်ပြီး ဂျာမန်လိဂ်မှာ စိုးမိုးထားတဲ့ ဘိုင်ယန်မြူးနစ်အသင်းကို နောက်ကောက်ချနိုင်ဖို့ လက်တကမ်းအကွာမှာ ရောက်ရှိ လာတာဖြစ်ပါတယ်။ 

Photo-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013