ဂိုးသမား အာရွန်ရမ်စ်ဒေးကို အရန်ထိုင်ခုံပို့ခဲ့တဲ့ နည်းပြအာတီတာကို မန်ယူတိုက်စစ်မှူးဟောင်း အင်ဒီကိုးလ်က ဝေဖန်လိုက်ပါတယ်။
အင်္ဂလန်ဂိုးသမား ရမ်စ်ဒေးဟာ မနှစ်ကရာသီမှာ အသင်းအတွက် ၄၁ ပွဲ ကစားပေးခဲ့ပြီး ဥရောပချန်ပီယံလိဂ်ဝင်ခွင့် ရရှိအောင် စွမ်းဆောင်ပေးခဲ့တာပါ။
ဘရန့်ဖို့ဒ်အသင်းက စပိန်ဂိုးသမား ဒေးဗစ်ရာယာကို ခေါ်ယူခဲ့ပြီးနောက်မှာ ရမ်စ်ဒေးကို ပွဲထွက် ခွင့်မပေးခဲ့တာက လေးစားမှု မရှိတဲ့ ဆုံးဖြတ်ချက်ဖြစ်ပြီး ကစားသမားဖြစ်သူကို ထိုးနှက်ချက် ဖြစ်စေခဲ့ကြောင်း အင်ဒီကိုးလ်က ပြောပါတယ်။
ကစားသမားသစ်တိုင်းက အသင်းသစ်မှာ ဦးစားပေးခံရလေ့ရှိပြီး ဂိုးသမား ရမ်စ်ဒေး အနေနဲ့ နယူးကာဆယ်အသင်းကို ပြောင်းရွှေ့မယ်ဆိုရင် နံပတ် တဂိုးသမားဖြစ်လာလိမ့်မယ်လို့ အင်ဒီကိုးလ်က ပြောပါတယ်။
အသက် ၂၅ နှစ်ရှိ အင်္ဂလန်လက်ရွေးစင်ဂိုးသမားဟာ အာဆင်နယ်မှာ ပွဲထွက်ခွင့် မရတော့တာကြောင့် ရာသီကုန်ဆုံးချိန်မှာ အသင်းပြောင်းရွှေ့ဖို့ ရှိနေပါတယ်။
Photo-Reuters