ကာဇက်စတန်နိုင်ငံမှာ ဆယ်စုနှစ်တွေအတွင်း အဆိုးရွားဆုံး ရေကြီးမှုတွေကြောင့် ပြည်နယ် ၁၄ ခုထဲက ပြည်နယ် ၁၀ ခုမှာ အရေးပေါ်အခြေအနေ ကြေညာခဲ့ရပါတယ်။
ကာဇက်ခ်သမ္မတ ကက်ဆင်မ် ဂျိုမာ့ထ် တိုကာယဗ်က နိုင်ငံဟာ နှစ်ပေါင်း ၈၀ အတွင်း အဆိုးရွားဆုံး ရေကြီးမှုတွေကို ကြုံတွေ့နေရလို့ ပြည်နယ် ၁၀ ခုမှာ အရေးပေါ်အခြေအနေ ကြေညာထားကြောင်း ဧပြီ ၆ ရက်မှာ ပြောကြားခဲ့ပါတယ်။
ရေကြီးမှုကြောင့် လူပေါင်း ၉၈,၀၀၀ ကျော်ကို ဘေးလွတ်ရာ ရွှေ့ပြောင်းခဲ့ရကြောင်း နိုင်ငံရဲ့ အရေးပေါ်ဝန်ကြီးဌာနက ကြာသပတေးနေ့မှာ ပြောကြားခဲ့ပါတယ်။
မတ်လနှောင်းပိုင်းကတည်းကစပြီး ကာဇက်စတန်မြောက်ပိုင်းမှာ နှင်းတွေ အရည်ပျော်ကျမှုကြောင့် ရေကြီးမှုဒဏ်ကို ပြင်းပြင်းထန်ထန် ခံစားနေကြရကြောင်း ဝန်ကြီးဌာနက အင်္ဂါနေ့မှာ ပြောကြားခဲ့ပါတယ်။
Source/Photo-Reuters