Home
နိုင်ငံတကာ
ဓားစာခံများ လွှတ်ပေးပြီး အပစ်အခတ်ရပ်စဲရန် ဟားမတ်စ်ကို သမ္မတဘိုင်ဒင် တိုက်တွန်း
DVB
·
April 11, 2024
JoeBiden_11042024

ဂါဇာကမ်းမြောင်ဒေသမှာ ဟားမတ်စ်က ဖမ်းဆီးထားတဲ့ ဓားစာခံတချို့ကို ပြန်လွှတ်ပေးဖို့ အလဲအလှယ်အနေနဲ့ ယာယီအပစ်အခတ်ရပ်စဲရေး နောက်ဆုံးအဆိုပြုချက်ကို လက်ခံလိုက်ဖို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ဟားမတ်စ်စစ်သွေးကြွတွေကို ဧပြီ ၁၀ ရက်မှာ တိုက်တွန်းလိုက်ပါတယ်။

ဘိုင်ဒင်က သူဟာ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုနဲ့ စကားပြောဆိုခဲ့တုန်းက အစ္စရေးအနေနဲ့ ဂါဇာကမ်းမြောင်ကို လူသားချင်းစာနာထောက်ထားမှု အကူအညီတွေကို ပိုမိုခွင့်ပြုပေးဖို့ လိုအပ်ကြောင်းကို အလေးပေးပြီး ခပ်ရှင်းရှင်းပြတ်ပြတ်ပဲ ပြောကြားခဲ့တယ် လို့ ဂျပန်ဝန်ကြီးချုပ် ဖူမီယို ကီရှီဒါနဲ့ ပူးတွဲသတင်းစာရှင်းလင်းပွဲမှာ ပြောသွားပါတယ်။

ဂါဇာကမ်းမြောင်ဒေသကို အစားအသောက်နဲ့ ဆေးဝါးအကူအညီတွေ ပိုမိုရရှိရေးနဲ့ သတ်ဖြတ်မှုတွေကို ပိုလျှော့ချရေးအပြင် ဒေသတွင်းလုပ်ဆောင်မှု မှန်သမျှမှာ အရပ်သားတွေကို အသေအပျောက်ရှိစေတဲ့ အကြောင်းအရာတွေကို ဘီဘီ (ဘန်ဂျမင်- အဖျားဆွတ်ခေါ်) နဲ့ အချိန်အတော်ကြာ ဆွေးနွေးခဲ့ကြောင်း ဘိုင်ဒင်က ပြောပါတယ်။

“စားပွဲဝိုင်းပေါ်က အဆိုပြုချက်အသစ်မှာ Bill Burns က ကျနော်တို့အတွက် ကြိုးစားအားထုတ်မှုကို ဦးဆောင်ခဲ့ပြီး သူ့ရဲ့လုပ်ဆောင်မှုအတွက် ကျေးဇူးတင်ကြောင်းလည်း ပြောပါတယ်။ အခု ဟားမတ်စ်နဲ့သက်ဆိုင်တဲ့ ကိစ္စမှာတော့ သူတို့လုပ်ထားတဲ့ အဆိုပြုချက်အတိုင်း ဆက်သွားရမှာဖြစ်ပြီး အရင်ကပြောခဲ့သလိုပဲ ဒီဓားစာခံတွေကို သူတို့နေအိမ်တွေဆီ ပြန်ပို့ပေးဖို့ဖြစ်ကြောင်းနဲ့ အခုလိုအပ်နေတဲ့ ၆ ပတ် အပစ်အခတ် ရပ်စဲရေးကိုလည်း ပြန်လုပ်ဆောင်ဖို့ဖြစ်ကြောင်း။”

နောက်တခုကလည်း နောက်ဆုံး ၃ ရက်အတွင်း တနေရာရာမှာ ကုန်တင်ကားအစီးရေ ၁၀၀ ကျော် ဝင်နေတာကြောင့် ရက်က မလုံလောက်ဘဲ အချိန်တွေ ပိုလိုအပ်ကြောင်းလည်း ဆိုပါတယ်။

ဒါ့အပြင် မြောက်ဘက်မှာလည်း နောက်ထပ်ဖွင့်ပေးတဲ့ဂိတ်တခု ရှိလာတာကြောင့် နေတန်ယာဟုက သူပေးထားတဲ့ကတိအတိုင်း လုပ်နေတာကို မြင်တွေ့ရမှာဖြစ်တယ်လို့ သမ္မတ ဘိုင်ဒင်က ပြောပါတယ်။

Source/Photo-Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024