Home
နိုင်ငံတကာ
စစ်ပွဲအတွက် ပြင်ဆင်ရမည့်အချိန်ဟု ကင်မ်ဂျုံအန်း ပြော
DVB
·
April 11, 2024
KimJongUn_11042024

မြောက်ကိုရီးယားနိုင်ငံ ပတ်ဝန်းကျင်က မတည်မငြိမ်ဖြစ်နေတဲ့ ပထဝီနိုင်ငံရေး အခြေအနေတွေဟာ အခုချိန်ဟာ အရင်ကထက် စစ်ပွဲအတွက် ပြင်ဆင်ရမယ့်အချိန်လို့ ဆိုလိုနေတာဖြစ်ကြောင်း မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းက စစ်ရေးနဲ့ နိုင်ငံရေးတက္ကသိုလ်ကို သွားရောက်စစ်ဆေးချိန်မှာ ပြောကြားလိုက်ကြောင်း နိုင်ငံပိုင်မီဒီယာက ဧပြီ ၁၁ ရက်မှာ ကြေညာပါတယ်။

ကင်မ်ဂျုံအန်းက “ရှုပ်ထွေးပွေလီတဲ့ နိုင်ငံတကာ အခြေအနေနဲ့ မြောက်ကိုရီးယားတဝိုက်က မသေချာ မရေရာ၊ မတည်မငြိမ်ဖြစ်နေတဲ့ စစ်ရေးနဲ့ နိုင်ငံရေး အခြေအနေတွေကို အကြမ်းဖျင်းသုံးသပ်ရရင် မြောက်ကိုရီးယားအနေနဲ့ ပိုမိုခိုင်မာပြီး ပြီးပြည့်စုံသင့်ကြောင်းနဲ့ စစ်ပွဲအတွက် ပြင်ဆင်ရာမှာလည်း ဖြစ်နိုင်တယ်ဆိုတဲ့ စစ်ပွဲအတွက်လောက်တင် မဟုတ်ဘဲ မလွဲမသွေ အနိုင်ယူရမယ့်စစ်ပွဲ ဖြစ်သင့်တယ်” လို့ ပြောသွားကြောင်း KRT သတင်းဖတ်ကြားသူ ရီချွန်းဟီးက ဖတ်ကြားသွားပါတယ်။

ကင်မ်ဂျုံအန်းဟာ ၂၀၁၁ ခုနှစ်က ကွယ်လွန်သွားတဲ့ သူ့ဖခင် ကင်မ်ဂျုံအီလ်ရဲ့ နာမည်ကို အစွဲပြုထားတဲ့ ကင်မ်ဂျုံအီလ် စစ်ရေးနဲ့ နိုင်ငံရေးတက္ကသိုလ်ကို ဧပြီ ၁၀ ရက်မှာ ကွင်းဆင်းလမ်းညွှန်မှု ပေးခဲ့တာဖြစ်ပြီး မြောက်ကိုရီးယား မီဒီယာတွေကတော့ နိုင်ငံရဲ့ “စစ်ပညာသင်ကြားမှု အမြင့်ဆုံးနေရာ” လို့ ဆိုထားပါတယ်။

ကင်မ်ဟာ သူ့ရဲ့ ဗုဒ္ဓဟူးနေ့ ခရီးစဉ်မှာ တက္ကသိုလ်အဆောက်အအုံတွေကို သွားရောက်ကာ တက္ကသိုလ်ဝန်ထမ်းတွေ၊ ကျောင်းသားတွေနဲ့ တွေ့ဆုံနေတဲ့ ဓာတ်ပုံတွေကို KCNA က ပြသခဲ့ပါတယ်။

Source/Photo-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013