Home
မြန်မာသတင်း
မွန်ပြည်နယ်လွှတ်တော် ဒုဥက္ကဋ္ဌဟောင်း ဒေါက်တာအောင်နိုင်ဦး ဖမ်းဆီးခံရ
DVB
·
April 11, 2024
Mon 1142024

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်ကနေ ရွေးကောက်ပွဲ ၃ ကြိမ်ဆက်တိုက် အနိုင်ရရှိထားတဲ့ ပြည်နယ်လွှတ်တော် ဒုဥက္ကဋ္ဌဟောင်း ဒေါက်တာအောင်နိုင်ဦးကို ဒုက္ခသည်စခန်းတွေကို ကူညီလို့ဆိုပြီး ဧပြီ ၁၀ ရက်မနက်ပိုင်းမှာ စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့တယ်လို့ မွန်ဖက်ဒရယ်ကောင်စီက ပြောပါတယ်။

ကျိုက်မရောမြို့နယ်မှာရှိတဲ့ ကျေးရွာတွေက စစ်ရှောင်တွေကို စားနပ်ရိက္ခာ  ဆေးဝါးနဲ့ ငွေကြေး ကူညီဖို့သွားနေတဲ့ ဒေါက်တာအောင်နိုင်ဦးကို  စစ်ကောင်စီတပ်က မော်လမြိုင်စက်မှုဇုန်မှာ ကားရပ်ခိုင်းပြီး ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

တော်လှန်ရေးသမားတွေအတွက် စားနပ်ရိက္ခာ ထောက်ပံ့ဖို့သွားတယ်ဆိုပြီး ဒေါက်တာအောင်နိုင်ဦးကို   စစ်ကောင်စီက စွပ်စွဲဖမ်းဆီးခဲ့တာလို့ မွန်ပြည်ဖက်ဒရယ်ကောင်စီ လူသားချင်းစာနာနဲ့ ကယ်ဆယ်ရေးဌာနမှူး မိဆုတဂျိုက ပြောပါတယ်။ 

စစ်တပ်အာဏာသိမ်းပြီးနောက် ဒေါက်တာ အောင်နိုင်ဦးက နိုင်ငံရေးထဲကထွက်ပြီး ပရဟိတ အလုပ်တွေဖြစ်တဲ့ ဒုက္ခသည်တွေကို ကူညီတယ်ဆိုတာ အားလုံးသိနေကြပြီး ဒုက္ခသည်တွေကိုကူညီဖို့ စစ်ကောင်စီဘက်ကို ခွင့်ပြုချက်တောင်းပေမယ့် ဘယ်တော့မှ ခွင့်မပြုခဲ့ဘူးလို့ ဆိုပါတယ်။ 

လက်ရှိမှာ ဒေါက်တာ‌အောင်နိုင်ဦးကို စစ်ကောင်စီတပ်သားတွေက ဒိုင်းဝန်းကွင်း ရဲစခန်းမှာ စစ်ဆေးနေပါတယ်။

ဒေါက်တာအောင်နိုင်ဦးဟာ ၂၀၁၀၊ ၂၀၁၅ နဲ့ ၂၀၂၀ တို့မှာ ချောင်းဆုံမြို့နယ် ပြည်နယ်မဲဆန္ဒနယ် ၁ မှာ မွန်ညီညွတ်ရေးပါတီ (MUP) ကိုယ်စားပြုဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ၃ ကြိမ်လုံး အ‌နိုင်ရရှိခဲ့ကာ NLD အစိုးရ လက်ထက်မှာ  မွန်ပြည်နယ်လွှတ်တော် ဒုဥက္ကဋ္ဌ အဖြစ်ဆောင်ရွက်ခဲ့ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024