မန်ယူအသင်းဟာ လာမယ့်ရာသီအတွက် ချဲလ်ဆီးနည်းပြဟောင်း ဂရေဟမ်ပေါ်တာနဲ့ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့သိရပါတယ်။
The Sun သတင်းစာရဲ့အဆိုအရ မန်ယူအသင်းပူးတွဲပိုင်ရှင်သစ် ဆာဂျင်ရတ်ကလစ်ဖ်ဟာ နည်းပြ ဂရေဟမ်ပေါ်တာနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပြီး အသင်းရဲ့စီမံကိန်းအသစ် အကြောင်း ပြောပြခဲ့တယ်လို့ သိရပါတယ်။
မန်ယူအသင်းကစားသမားတွေကြားမှာတော့ နည်းပြ အဲရစ်တန်ဟတ်ဂ်အနေနဲ့ ရာသီကုန်ဆုံးချိန်မှာ ရာထူးကနေ နုတ်ထွက်လိမ့်မယ်လို့ ယုံကြည်နေကြကြောင်း The Sun ကဖော်ပြပါတယ်။
မန်ယူအသင်းဟာ ပရီးမီးယားလိဂ်ပွဲပြီးဆုံးဖို့ ၇ ပွဲအလိုမှာ အဆင့်လေးနေရာက အသင်းနဲ့ ၁၁ မှတ်အထိ ကွာဟနေတာကြောင့် ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ လွဲချော်ဖို့ ရှိပါတယ်။
Photo-Reuters