အင်္ဂလန်ပရီးမီးယားလိဂ်ပွဲစဉ်တွေမှာ လုံခြုံရေးမြှင့်တင်ဖို့ အကြမ်းဖက်နှိင်နင်းရေးရဲတပ်ဖွဲ့ ဘက်က တိုက်တွန်းထားပါတယ်။
အကြမ်းဖက်အဖွဲ့ တဖွဲ့ဖြစ်တဲ့ ISIS ဟာ ချန်ပီယံလိဂ်ပွဲစဉ်တွေကို တိုက်ခိုက်သွားမယ်လို့ သူတို့ရဲ့ မီဒီယာချန်နယ်တွေကနေတဆင့် ခြိမ်းခြောက်ခဲ့တာကြောင့် အခုတပတ် ချန်ပီယံလိဂ်ပွဲစဉ်တွေမှာ လုံခြုံရေး တပ်ကျပ်ခဲ့ရပါသေးတယ်။
အကြမ်းဖက်အဖွဲ့ဟာ အာဆင်နယ်၊ ပီအက်စ်ဂျီ၊ အက်သလက်တီကိုနဲ့ ရီရဲလ်မက်ဒရစ်အသင်းတွေရဲ့ အိမ်ကွင်းပွဲစဉ်တွေကို တိုက်ခိုက်ဖို့ ပစ်မှတ်ထားကြောင်း ခြိမ်းခြောက်ခဲ့တာပါ။
ချန်ပီယံလိဂ်ပွဲစဉ်တွေမှာ လုံခြုံရေးတင်းကျပ်ခဲ့လို့ အကြမ်းဖက်လုပ်ရပ်တွေ မဖြစ်ပွားခဲ့သလို ပရီးမီးယားလိဂ်ပွဲစဉ်တွေမှာလည်း အလားတူ လုံခြုံရေးတင်းကျပ်ဖို့ အကြမ်းဖက်နှိင်နင်းရေး ရဲအရာရှိတွေဘက်က တိုက်တွန်းထားတယ်လို့ သိရပါတယ်။
Photo-Reuters