Home
နိုင်ငံတကာ
ဘင်္ဂလား‌ဒေ့ရှ်တွင် အိဒ်ပွဲတော်ဆင်နွှဲရန် လူထောင်ချီ နေရပ်ပြန်
DVB
·
April 10, 2024
Thousands head home from Bangladesh capital to celebrate long Eid holiday

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ၈ ရက်ကြာ အားလပ်ရက်အတွင်း  အိဒ်ပွဲတော်ကို မိသားစုတွေနဲ့အတူ ကျင်းပဖို့ ထောင်နဲ့ချီတဲ့ ပြည်သူတွေဟာ ဧပြီ ၇ ရက်က ဒါကာမြို့တော်ကနေ ထွက်ခွာခဲ့ကြပြီး အိမ်ပြန်ခဲ့ကြပါတယ်။

အခုနှစ်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံက မွတ်စလင်တွေဟာ ပွဲတော်ကို တနင်္ဂနွေနေ့မှာ စတင်ကျင်းပခဲ့ပြီး ဧပြီ ၁၄ ရက်မှာတော့ ဘင်္ဂါလီ နှစ်သစ်ကူးပွဲတော်ကို ကျင်းပမှာပါ။

အဲဒီနောက် သုံးရက်တာ အိဒ် အားလပ်ရက်နဲ့ ရာမာဒန် ပိတ်ရက်တွေဖြစ်လို့ အားလပ်ရက် ၈ ရက်ဆက်တိုက် ဖြစ်လာပါတယ်။

ဘင်္ဂလားဒေ့ရှ်မြို့တော် ဒါကာဟာ နိုင်ငံဒေသအနှံ့က   လူပေါင်း ၂၂ ဒသမ ၄ သန်းလောက်အတွက်  လာရောက်နေထိုင် အလုပ်လုပ်ကိုင်ရာမြို့ကြီးဖြစ်ပါတယ်။

တနှစ်တာရဲ့ အကြီးဆုံးနဲ့ ရက်အရှည်ကြာဆုံးဖြစ်တဲ့ မွတ်စလင်ပွဲတော်ရက်ကာလမှာ   များပြားလွန်းတဲ့လူတွေဟာ ကူးတို့တွေ၊ ရထားတွေ၊ ဘတ်စ်ကားတွေနဲ့  မွေးရပ်မြေမှာရှိတဲ့ မိသားစုတွေထံက ပြန်လေ့ရှိတာဖြစ်ပြီး တချို့နှစ်တွေမှာ မတော်တဆဖြစ်မှုတွေနဲ့လည်း ကြုံခဲ့ရဖူး ပါတယ်။

Source/Photo-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013