Home
မြန်မာသတင်း
မြဝတီတွင် စစ်မဖြစ်ရေး ဆန္ဒပြရန် စစ်ကောင်စီအုပ်ချုပ်ရေးမှူးက စေခိုင်း
DVB
·
April 10, 2024
Myawaddy_10042024

ကရင်ပြည်နယ်၊ မြဝတီမြို့မှာ ဧပြီ ၉ ရက်က ပြုလုပ်တဲ့ စစ်မဖြစ်ပွားဖို့နဲ့ စစ်မဲ့ဇုန် သတ်မှတ်ပေးဖို့ တောင်းဆိုတဲ့ ဆန္ဒပြပွဲကို စစ်ကောင်စီက စီစဉ်ခဲ့တာဖြစ်ပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးက ဆန္ဒပြခိုင်းခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

မြဝတီမြို့၊ အမှတ် ၁ ရပ်ကွက် ဘောလုံးကွင်းမှာ မနေ့ညနေ ၄ နာရီခွဲကျော်က မြဝတီမြို့အတွင်း စစ်မဖြစ်ပွားဖို့နဲ့ စစ်မဲ့ဇုန်သတ်မှတ်ပေးဖို့ လူတချို့က ပိုစတာတွေကိုင် ဆန္ဒပြခဲ့တာပါ။

အဲ့ဒီဆန္ဒပြပွဲအတွက် အမှတ် ၁ ရပ်ကွက် ဥက္ကဋ္ဌနဲ့ ဥက္ကဋ္ဌဟောင်း အပါအဝင် တပ်ထောက်ခံသူတွေက အမှတ် ၁ ရပ်ကွက်အတွင်း တအိမ်တယောက် မလိုက်မနေရအဖြစ် လိုက်လံခေါ်ဆောင်ခဲ့တာလို့ ဒေသခံက ပြောပါတယ်။

အမှတ် ၁ ရပ်ကွက်မှာ နေထိုင်သူတဦးက “အမှတ် ၁ ရပ်ကွက်ထဲမှာ တရပ်ကွက်လုံးကို ခေါ်တာမဟုတ်ဘူး။ ခွန်ဆာဝင်းဘက်ကလူတွေ‌ကို ခေါ်တာ။ လိုက်ခေါ်တာက အုပ်ကြီး‌ရယ်၊ အရင်က အုပ်ကြီးဟောင်းရယ်၊ နောက်ပြီး စစ်တပ်ထောက်ခံတဲ့သူတယောက်ရယ် ၃ ယောက် လိုက်ခေါ်တာ။ တအိမ်တယောက် မလာမနေရဆိုပြီးခေါ်တာ။ ဆန္ဒပြခါနီးမှာတောင် တအိမ်တယောက် သွားကြရမယ်နော်၊ နင်တို့တွေ မသွားရင် ဒဏ်ပေးရမယ်” လို့ ပြောပါတယ်။

ကော့ကရိတ်နဲ့ သင်္ကန်းညီနောင်ဘက်ကနေ မြဝတီ ခွန်ဆာဝင်းဘက်မှာ စစ်လာရှောင်တဲ့ သူတွေက မသွားရင် ဒဏ်ပေးရမှာစိုးရိမ်လို့ ဆန္ဒသွားပြခဲ့ရတယ်လို့ စစ်ရှောင် အမျိုးသားတဦးက ပြောပါတယ်။

ဆန္ဒပြပွဲမှာတော့ “စစ်ဘေးဒုက္ခသည်များခိုနားရာ မြဝတီမြို့ကို ချမ်းသာပေးပါ”၊ “ဆက်ပြေးစရာ မရှိသည့်အတွက် မြဝတီမြို့အား စစ်မဲ့ဇုန်သတ်မှတ်ပေးပါ” စတဲ့ ဗီနိုင်းပိုစတာတွေ ကိုင်ဆောင်ပြီး ဆန္ဒပြခဲ့ကြတာပါ။

မြဝတီမြို့ပြင်မှာရှိတဲ့ ခလရ ၂၇၅ ကို KNLA ပူးပေါင်းတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့တာကြောင့် တိုက်ပွဲအပြင်းအထန် ဖြစ်ပွားနေပြီး BGF တွေကလည်း မြို့တွင်းမှာ ကား ၁၀ စီးကျော်နဲ့ ကင်းလှည့်နေပါတယ်။

တိုက်ပွဲကြောင့် မြဝ‌တီမြို့ပေါ်မှာရှိတဲ့ ပြည်သူတွေဟာ ထိုင်းနိုင်ငံ မဲဆောက်ဘက်ကို ပြေးဝင်ခိုလှုံသူတွေရှိသလို ဘားအံနဲ့ ရန်ကုန်ဘက်ကို စစ်ဘေး‌တိမ်းရှောင်နေသူတွေလည်း ရှိပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013