ယူကရိန်းစစ်တပ်သူလျှိုအေဂျင်စီ GUR ဟာ ရုရှားနိုင်ငံ၊ ဗရိုးနာဒေသက ဘော်ရိုစိုဂိုဘစ်ခ်မြို့က အမှတ် ၇၁၁ လေကြောင်းပြုပြင်ရေး စက်ရုံကို တိုက်ခိုက်ခဲ့တယ်လို့ ယူကရိန်း ထောက်လှမ်းရေးသတင်းရင်းမြစ်တခုက ရိုက်တာသတင်းဌာနကို ပြောခဲ့ပါတယ်။
ဘော်ရိုစိုဂိုဘစ်ခ်မြို့မှာ ဧပြီ ၉ ရက်က ပေါက်ကွဲမှုဖြစ်တာကို လုံခြုံရေးကင်မရာက ရိုက်ကူးထားပြီး ရိုက်တာသတင်းဌာနက ထုတ်လွှင့်ခဲ့ပါတယ်။
အဲဒီဒေသမှာ မောင်းသူမဲ့ လေယာဉ် ၂ စင်း ပျက်ကျခဲ့တယ်လို့ ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနက ပြောပါတယ်။
ဗီဒီယိုမှာမြင်ရတဲ့ အဆောက်အဦတွေ၊ တိုင်တွေ၊ လမ်းမြင်ကွင်းနဲ့ ဂြိုဟ်တုကနေ ရိုက်ကူးထားတဲ့ လမ်းပုံစံတွေ ပုံရိပ်တွေ ကိုက်ညီနေလို့ တည်နေရာကို အတည်ပြုနိုင်ခဲ့ပါတယ်။
ဗီဒီယိုမှာမြင်ရတဲ့ အချိန်တံဆိပ်ကနေ ရက်စွဲကို အတည်ပြုနိုင်ခဲ့ပြီး ယူကရိန်းနဲ့ ရုရှားသတင်းရင်းမြစ်တွေကလည်း အဲဒီဒေသမှာ မောင်းသူမဲ့လေယာဉ် ကျူးကျော် ပျံသန်းခဲ့တယ်လို့ အတည်ပြုခဲ့ပါတယ်။
မကြာသေးမီက ယူကရိန်းအစိုးရဟာ ရုရှားနိုင်ငံရဲ့ နယ်မြေအတွင်း နက်နက်ရှိုင်းရှိုင်း ဝင်တိုက်တာတွေကို အရှိန်မြှင့်ခဲ့ပြီး ရုရှားအစိုးရရဲ့ စစ်ပွဲအတွက် အထောက်အကူဖြစ်စေမယ့် စစ်ဘက်ဆိုင်ရာ အဆောက်အအုံတွေ၊ စွမ်းအင်ဆိုင်ရာ အခြေခံအဆောက်အအုံတွေကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ပါတယ်။
တိုက်ခိုက်ရာမှာလည်း အများအားဖြင့် ပြည်တွင်းထုတ် တာဝေးပစ် ဒရုန်းအမျိုးအစား အမျိုးမျိုးကို အသုံးပြုလေ့ရှိတယ်လို့ မီဒီယာတွေက ဖော်ပြထားပါတယ်။
Source/Photo-Reuters