ဘိုင်ယန်မြူးနစ်အသင်းနဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ အာဆင်နယ်အသင်းဘက်ကို ပင်နယ်တီမပေးခဲ့တဲ့ ကွင်းလယ်ဒိုင်ကို ဖာဒီနန်နဲ့ မာတင်ကီယွန်တို့က ဝေဖန်သွားပါတယ်။
အာဆင်နယ်အသင်းဟာ အိမ်ကွင်း အီမရိတ်မှာ ပင်နယ်တီပေးဂိုးတဂိုးအပါအဝင် ဘိုင်ယန်နဲ့ နှစ်ဂိုးစီ သရေကျခဲ့တာပါ။
ပွဲချိန် နောက်ဆုံးမိနစ်မှာ တောင်ပံကစားသမား ဘူကာရိုဆာကာကို ဂိုးသမားနူအာက တားဆီးခဲ့ပေမဲ့ ပင်နယ်တီမပေးခဲ့တဲ့အပေါ် အင်္ဂလန်နောက်ခံလူဟောင်းတွေဖြစ်တဲ့ ဖာဒီနန်နဲ့ မာတင်ကီယွန်တို့က ဝေဖန်ခဲ့ကြတာပါ။
ဆာကာ ပြေးလွှားနေတာကို နူအာက ရပ်တန့်စေခဲ့တာဖြစ်ပြီး VAR နဲ့ ပြန်လည် စစ်ဆေးခြင်းမရှိခဲ့သလို ပင်နယ်တီမပေးခဲ့တာဟာ မယုံကြည်နိုင်စရာကောင်းကြောင်း ဖာဒီနန်က ပြောပါတယ်။
အာဆင်နယ်နောက်ခံလူဟောင်း မာတင်ကီယွန်ကတော့ ဆာကအပေါ် နူအာရဲ့ တားဆီးမှုဟာ ဥရောပဒိုင် ၁၀ ဦးရှိမှာ ကိုးဦးက ပင်နယ်သတ်မှတ်ပေးမှာဖြစ်တယ်လို့ ပြောသွားပါတယ်။
Photo-Reuters